Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတွင် တိုက်ပွဲပြန်ဖြစ်

ရှမ်းပြည်အခြေစိုက်တပ်များကို ကရင်နီ​ဒေသ သို့ အင်အားဖြည့်တင်းရာတွင် မိုးဗြဲ -လွိုင်ကော်လမ်း ပိုင်းမှာ စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်း ကြောင်း ဖြစ်နေသည်။

(လွိုင်ကော် - မိုးဗြလမ်းပိုင်းတိုက်ပွဲအတွင်း မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော် - မိုးဗြလမ်းပိုင်းတိုက်ပွဲအတွင်း မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတွင် တိုက်ပွဲပြန်ဖြစ်နေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၂)က ထုတ်ပြန်သည်။

လွိုင်ကော် – မိုးဗြဲလမ်းမကြီးရှိ‌ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များက ဩဂုတ် ၄ ရက်တွင် လှုပ်ရှားမှုများရှိခဲ့ပြီးနောက် ယမန်နေ့(သြဂုတ် ၆ ရက်)တွင် ထိတွေ့မှုရှိခဲ့ကြောင်း အသိပေးသည်။

“မနေ့က ညနေ ၆ နာရီပိုင်းကစပြီး တိုက်ပွဲ ဖြစ်တာပေါ့။ထိတွေ့မှုက တစ်နာရီလောက်တော့ ကြာတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ပြင်းထန်လာနိုင်သည်ဖြစ်၍ ပြည်သူများ စစ်ရေးသတိပြု၍ သွားလာပေးရန်လည်း KNDFက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၀ရက် မှစတင်ခဲ့သည့် လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတိုက်ပွဲမှာ ဇူလိုင် ၂၅ ရက်အထိ ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၂၀ ဦးသေဆုံး​ပြီး ကရင်နီပူးပေါင်းတပ်က လက်နက် ရှစ်လက်ရရှိခဲ့သည်။

ရှမ်းပြည်အခြေစိုက်တပ်များကို ကရင်နီ​ဒေသ သို့ အင်အားဖြည့်တင်းရာတွင် မိုးဗြဲ -လွိုင်ကော်လမ်း ပိုင်းမှာ စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်း ကြောင်း ဖြစ်နေသည်။

အဆိုပါလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အတွက် စစ်ကောင်စီက ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

ထို့အတူ ကရင်နီဒေသတွင်း တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီက ဇွန်လ ဒုတိယပတ်ကစ၍ ထောင်နှင့်ချီသော ၎င်းတို့တပ်သားများကို ဝေဟင်၊မြေပြင်မှတဆင့် အင်အားဖြည့်တင်းလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။