Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတွင် တိုက်ပွဲပြန်ဖြစ်

ရှမ်းပြည်အခြေစိုက်တပ်များကို ကရင်နီ​ဒေသ သို့ အင်အားဖြည့်တင်းရာတွင် မိုးဗြဲ -လွိုင်ကော်လမ်း ပိုင်းမှာ စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်း ကြောင်း ဖြစ်နေသည်။

(လွိုင်ကော် - မိုးဗြလမ်းပိုင်းတိုက်ပွဲအတွင်း မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော် - မိုးဗြလမ်းပိုင်းတိုက်ပွဲအတွင်း မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

လွိုင်ကော် – မိုးဗြဲလမ်းမကြီးတွင် တိုက်ပွဲပြန်ဖြစ်နေပြီး ပိုမိုပြင်းထန်လာနိုင်ကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၂)က ထုတ်ပြန်သည်။

လွိုင်ကော် – မိုးဗြဲလမ်းမကြီးရှိ‌ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များက ဩဂုတ် ၄ ရက်တွင် လှုပ်ရှားမှုများရှိခဲ့ပြီးနောက် ယမန်နေ့(သြဂုတ် ၆ ရက်)တွင် ထိတွေ့မှုရှိခဲ့ကြောင်း အသိပေးသည်။

“မနေ့က ညနေ ၆ နာရီပိုင်းကစပြီး တိုက်ပွဲ ဖြစ်တာပေါ့။ထိတွေ့မှုက တစ်နာရီလောက်တော့ ကြာတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ပြင်းထန်လာနိုင်သည်ဖြစ်၍ ပြည်သူများ စစ်ရေးသတိပြု၍ သွားလာပေးရန်လည်း KNDFက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၀ရက် မှစတင်ခဲ့သည့် လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတိုက်ပွဲမှာ ဇူလိုင် ၂၅ ရက်အထိ ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၂၀ ဦးသေဆုံး​ပြီး ကရင်နီပူးပေါင်းတပ်က လက်နက် ရှစ်လက်ရရှိခဲ့သည်။

ရှမ်းပြည်အခြေစိုက်တပ်များကို ကရင်နီ​ဒေသ သို့ အင်အားဖြည့်တင်းရာတွင် မိုးဗြဲ -လွိုင်ကော်လမ်း ပိုင်းမှာ စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်း ကြောင်း ဖြစ်နေသည်။

အဆိုပါလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အတွက် စစ်ကောင်စီက ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

ထို့အတူ ကရင်နီဒေသတွင်း တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီက ဇွန်လ ဒုတိယပတ်ကစ၍ ထောင်နှင့်ချီသော ၎င်းတို့တပ်သားများကို ဝေဟင်၊မြေပြင်မှတဆင့် အင်အားဖြည့်တင်းလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။