Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ စစ်တပ် သိုဏ်းတောင်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်

နံနက်အစောပိုင်းတွင်KIA၊PDF ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်က အထိနာကြောင်း သိရသော်လည်း အသေးစိတ်သတင်းမရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်က ပြောသည်။

(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ။ ဓာတ်ပုံ - People’s Spring)
(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ။ ဓာတ်ပုံ - People’s Spring)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအခြေစိုက် ကသိုဏ်းတောင်စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မနက် ၅နာရီ ၁၅ မိနစ်မှာ စတိုက်တာ။ တပ်မ (၃၃)ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်။ ဒီကောင်တွေ ဒါပဲ လုပ်တတ်တာ” ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ကသိုဏ်းတောင်စစ်ကောင်စီစခန်းသည် စစ်ကောင်စီအင်အား ၇၀ခန့်တပ်စွဲထားသည့် အခိုင်အမာစခန်းဟု သိရသည်။

နံနက်အစောပိုင်းတွင်KIA၊PDF ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်က အထိနာကြောင်း သိရသော်လည်း အသေးစိတ်သတင်းမရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၇ နာရီအထိ စစ်ကောင်စီက ဖားကန့်မြို့စစ်တပ်ကုန်းမှ လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။

” လက်နက်ကြီးသံတွေ ဆက်တိုက်ပဲ။ ခွေးကုန်း(စစ်တပ်ဝင်း)ထဲလည်း ပြန်ကျသံတွေ ကြားရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်တိုက်ပွဲနှင့် ပစ်ခတ်သံများကို ဖားကန့်တစ်နယ်လုံးမှ ကြားခဲ့ရသည်ဟု ဒေသခံများကပြောသည်။ ကသိုဏ်းတောင်စစ်ကောင်စီစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သို့သော် အသေးစိတ်ကို အတည်ပြု၍ မရသေးပေ။ နံနက် ၈နာရီခန့်မှစတင်ကာ ပစ်ခတ်သံများ ငြိမ်သက်နေကြောင်းပြန်လည် ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။