Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီလေကြောင်း တိုက်ခိုက်

မြေပြင်တိုက်ပွဲသည် ၄၅မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်မှုကို မသိရသေးသလို လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဦးဇော်ထက်က ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို မကြာခဏပြုလုပ်နေသည်။ဓာတ်ပုံ - Cj)
(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို မကြာခဏပြုလုပ်နေသည်။ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ယနေ့ နံနက်ပိုင်းကဖြစ်ပွားသည့် တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းကို ကယ်ထုတ်နိုင်ရေးအတွက် လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ရသည်။

ပုလဲမြို့နယ် ကျေးနင်းကြီးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့(ဩဂုတ် ၇ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းအသုံးပြု တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

“ပုလဲနယ်ရောက်နေတဲ့ စစ်ကြောင်းက မုံရွာ(နမခ)ကို ပြန်ဆုတ်ဖို့ ဇီးဖြူကုန်းရွာကို ရောက်လာတယ်။ အဲ့ဒါကို အဖွဲ့ပေါင်းစုံက ပိတ်ထားတော့ လေကြောင်းပစ်ကူခေါ်တာ။ စက်သေနတ်နဲ့ ပတ်ပစ်သွားတာ”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။

Public Service Announcement
Public Service Announcement

မြေပြင်တိုက်ပွဲသည် ၄၅မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်မှုကို မသိရသေးသလို လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဦးဇော်ထက်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ညနေတွင် ကျေးနင်းကြကျေးရွာသို့ ဝင်ရောက်နေကြောင်း သတင်းရရှိသည်။ ထို့အပြင် ကျေးရွာအတွင်းမှ နေအိမ်များ မီးရှို့ဖျက်ဆီးနေပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ သတိပြုကြရန် ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။