Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးကြောင့် ဗန်းမော်နှင့်ဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်းအသုံးပြုသူများ လိုက်နာရန်အချက်များ PDF ထုတ်ပြန်

ဗန်းမော် PDF၏ ထုတ်ပြန်ချက်တွင် သတိပေးစာထုတ်ပြန်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ခြင်းမရှိသောယာဉ်များသည် ဖြစ်လာသမျှ အကျိုးဆက်ကို မိမိကိုယ်တိုင်သာ တာ၀န်ယူရမည်ဟု ဖော်ပြထားသည်။

(မန္တလေးမြို ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်‌ကြောင်းအတိုင်းထွက်လာသော စစ်ကောင်စီရေယာဉ်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ရေးတင်းမာနေသည့် ကာလဖြစ်၍လုံခြုံရေးအတွက် စစ်ဆေးခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ဗန်းမော်ပြည်သူ့ကာကွယ်းရေးတပ်ဖွဲ့ – BPDFက ထုတ်ပြန်လိုက်ပြီး ဗန်းမော်နှင့် ဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်းအသုံးပြုသူများ လိုက်နာရမည့် အချက်များကို ကြေညာခဲ့သည်။

ဗန်းမော်မြို့သူ၊ မြို့သားများနှင့် ခရီးသွားပြည်သူများသိစေရန် ဗန်းမော် PDFက ယနေ့(ဩဂုတ် ၈ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မှ မန်းလေး ၊ ဗန်းမော် မှ မြစ်ကြီးနား ၊ ဗန်းမော် မှ လွယ်ကျယ် ကားလမ်းများအားအသုံးပြု၍ ကုန်တင်ကြသော (၁၂)ဘီး ၊ (၁၀)ဘီး ၊ (၆)ဘီးကားကြီးများ အနေဖြင့် မိုးကာတစ်ခြမ်းသာအုပ်ရန် ကားမှန်ချထားရန်၊ စစ်ဆေးချိန်ပူးပေါင်းပေးရန် အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ဧရာ၀တီမြစ်ကြောင်းအတွင်း စုန် ၊ ဆန်နေကြသော မော်တော်များ ၊ စက်လှေများ ၊ သံခွံများ စုန် ၊ ဆန်ခြင်းမပြုရန် နှင့် သင်္ဘောကမ်းကပ်ထားချိန် သင်္ဘောအနီးကပ်ထားခြင်းနှင့် ဘေးမှ စုန် ၊ဆန်ခြင်းမပြုရန် ထပ်မံ အသိပေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်သို့ ဦးတည်လာသည့် စစ်ကောင်စီ တပ်သင်္ဘောများ ဒေသတွင်း ရောက်ရှိလာသည့် အခြေအနေတွင် ဗန်းမော် PDFက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ သင်္ဘောအုပ်စုသည် ဩဂုတ် ၇ရက်တွင် ရွှေကူမြို့သို့ ဆိုက်ရောက်လာသည်ဟု မြို့ခံတစ်ဦးကို ကိုးကားပြီး Kachinwaveက ယမန်နေ့တွင် ဖော်ပြသည်။ယင်း စစ်ကောင်စီသင်္ဘောကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဗန်းမော် PDF၏ ထုတ်ပြန်ချက်တွင် သတိပေးစာထုတ်ပြန်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ခြင်းမရှိသောယာဉ်များသည် ဖြစ်လာသမျှ အကျိုးဆက်ကို မိမိကိုယ်တိုင်သာ တာ၀န်ယူရမည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook