Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှစ်လေးလုံးအရေးတော်ပုံမှစသည့် ပြည်သူ့လိုလား ချက်များ နွေဦးတော်လှန်ရေးဖြင့် အောင်မြင်မှု ရအောင်လုပ်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။

(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထုသပိတ်မှ လူငယ်များက စာတန်းပါထီးများဖြင့် ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)
(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၅)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထုသပိတ်မှ လူငယ်များက စာတန်းပါထီးများဖြင့် ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်နေစဥ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)

“စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ဖို့တင် မဟုတ်ပါဘူး။ အကြောက်တရားမရှိ၊ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တစ်ပြည်ထောင်လုံးမှာ ခံစားနိုင်ဖို့အထိဖြစ်ပါတယ်” – ဦးအောင်ကြည်ညွန့်

ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ အရေးတော်ပုံမှ ဖော်ပြသည့် ပြည်သူလူထုလိုလားချက်များကို ယခုနွေဦးတော်လှန်ရေးဖြင့် အပြီးသတ်အောင်မြင်မှုရအောင်လုပ်ဆောင်ရန် တော်လှန်ရေးအင်အားစုများက ယနေ့ကျရောက်သည့် (၃၅) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် နေ့တွင်တိုက်တွန်းချက်များ ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က ကြီးမှူး၍ ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ အရေးတော်ပုံ (၃၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က အမှာစကားပြောကြားရာ နွေဦးတော်လှန်ရေး၏ အဓိကပန်းတိုင်သည် ဒီမိုကရေစီ ပြန်လည်ရရှိရေးတင်သာမက စစ်မှန်သည့် ငြိမ်းချမ်းခြင်းနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားနိုင်ရန် ဖြစ်သည်ဟု ပြောကြားသည်။

“လူငယ်တွေ၊ ပြည်သူတွေဟာ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ဖို့တင်မဟုတ်ပါဘူး။ အကြောက်တရားမရှိ၊ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တစ်ပြည်ထောင်လုံးမှာ ခံစားနိုင်ဖို့အထိ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် စစ်အာဏာရှင်တွေကို နိဂုံးချုပ်အဆုံးသတ်ပြီး တိုင်းရင်းသား၊ လူမျိုး၊ အစုအဖွဲ့ ပေါင်းစုံရဲ့ ညီညွတ်ခြင်းနဲ့အတူ ပြည်သူတွေရဲ့ အိပ်မက်၊ လူငယ်တွေရဲ့ မျှော်လင့်ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားကြရမှာ ဖြစ်တယ်”ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေး အင်အားစုတိုင်းသည် မိမိတို့၏လက်ဆင့်ကမ်း တာဝန်ဖြစ်သော ရှစ်လေးလုံးလူထုဒီမိုကရေစီ အရေးတော်ပုံကြီး၏ လိုလားချက်များ၊ အနှစ်သာရများကို မမေ့မလျော့ မပေါ့မဆ မျက်ခြည်မပြတ်ရန် လိုအပ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တိုက်တွန်းသည်။

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ ကလည်း သဝဏ်လွှာပေးပို့ရာ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဖော်ပြခဲ့သော ပြည်သူများ လိုလားသည့် နိုင်ငံရေးဆန္ဒများ ပြည့်၀အောင်မြင်သည်အထိ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားမည်ဟု အသိပေးခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံသည် နွေဦးတော်လှန်ရေး၏ မျိုးစေ့ဖြစ်၍ နွေဦးတော်လှန်ရေးသည် ရှစ်လေးလုံးအရေးတော်ပုံ၏ အသီးအပွင့်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

“ခေတ်အဆက်ဆက် ဆင်နွှဲနေခဲ့ကြသည့် ခေတ်ပြောင်း၊ စနစ်ပြောင်း လူထုတော်လှန်ရေးကြီးကို နွေဦးတော်လှန်ရေးဖြင့် အရေးတော်ပုံ အပြီးသတ် အောင်မြင်ပြီးဆုံးနိုင်စေရန်အတွက် ထမ်းရွက် ဖော်ဆောင်သွားမည်”ဟု NUCCက ကတိသစ္စာပြု ဖော်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ရှစ်လေးလုံးလူထု အရေးတော်ပုံမှ စတင်ခဲ့သည့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ အပြီးတိုင် ကျဆုံါ်ပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး ရည်မှန်းချက်အား နွေဦးတော်လန်ရေးဖြင့် အောင်မြင်စွာ ဆောင်ရွက်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ဘုံရည်မှန်းချက်အား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် အတူတကွ ပူးပေါင်း တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက် အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ်ဖြင့် အစိုးထိုးပြောင်းလဲနိုင်ရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူချီတက်ကြရန် တိုက်တွန်းထားသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားဖက်ဒရယ်ရှင်းကလည်း ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့၌ သဘောထား ထုတ်ပြန်ခဲ့ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကျောင်းသား ကျောင်းသူ ပြည်သူလူထုများနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအားလုံး မိမိနိုင်ငံ ဖက်ဒရယ်စနစ် အမြန်ဆုံး ပေါ်ပေါက်လာရေး အတူတူ တိုက်ပွဲဝင်ကြရန် နှိုးဆော်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။