Connect with us

Hi, what are you looking for?

သတင်း

သွေးခွဲမှုများကို အနိုင်ယူနိုင်မှ အောင်မြင်မှုဆီ လျှောက်လှမ်းနိုင်မည်ဟု ကရင်နီအင်အားစုများကို KNPPသတိပေး

စစ်ကောင်စီတပ်သည် လက်ရှိအချိန်ထိ ကရင်နီ ပြည်သို့ ထိုးစစ်ဆင်လျက် ကရင်နီပြည်သူများအပေါ် စစ်ရာဇဝတ်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း KNPPက အသိပေးသည်။

((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnlC)
((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnlC)

လူမှုရေး၊ နိုင်ငံရေးနှင့် စစ်ရေးအရ သွေးခွဲမှုများကို အနိုင်ယူရန်လိုအပ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ယနေ့ (ဩဂုတ် ၉ ရက်) တွင် ကျရောက်သည့် (၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

ခုခံတော်လှန်ရေး တိုက်ပွဲသည်မပြီးဆုံးသေးဘဲ စစ်အာဏာရှင်များကို တိုက်ထုတ်ပြီး အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းနိုင်ရေး၊ ကရင်နီပြည်သူတစ်ရပ်လုံးလိုလားသော တန်းတူရေး၊ ဒီမိုကေရစီရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရှိရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ပြန်လည်ထူထောင်ရေးတို့အတွက် ကရင်နီပြည်ရှိ အင်အားစု အလွှာအသီးသီး တို့အားလုံးမှ ဆက်လက်ပြီး တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ဖော်ပြသည်။

((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnlC)
((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnlC)

မိမိတို့၏ စည်းလုံးညီညွတ်မှုဖြင့် ရင်ဆိုင်ကြုံတွေ့ရသော လူမှုရေး နိုင်ငံရေးနှင့် စစ်ရေးအရ သွေးခွဲမှုများကို အနိုင်ယူရန် အထူးလိုအပ်သည့် အချိန်လည်းဖြစ်ကြောင်း KNPPက ဆိုသည်။

သို့မှသာလျင် မိမိတို့သည် အောင်မြင်မှု ခြေလှမ်းများကို ဆက်ပြီး လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီ ပြည်သူလူထု တစ်ရပ်လုံး၏ မျှော်မှန်းချက်များကို အမြန်ဆုံး ဖော်ဆောင်နိုင်ရန် ကရင်နီ ပြည်လူထု တစ်ရပ်လုံးအနေဖြင့် ရောက်ရာအရပ်မှ အမျိုသားရေးအတွက် ကျရာ ကဏ္ဍများ၌ စည်းလုံးညီညွတ်စွာ ဆက်လက် ပါဝင်ဆောင်ရွက်သွားကြရန်လည်း KNPPက မှာကြားသည်။

KNPPအပါအဝင် ကရင်နီဒေသ တော်လှန်ရေးအင်အားစုများသည် အာဏာသိမ်းစစ်ကောင်စီကို အင်တိုက်အားတိုက် ခုခံတိုက်ခိုက်လျက်ရှိသည်။

((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnlC)
((၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnlC)

စစ်ကောင်စီတပ်သည် လက်ရှိအချိန်ထိ ကရင်နီ ပြည်သို့ ထိုးစစ်ဆင်လျက် ကရင်နီပြည်သူများအပေါ် စစ်ရာဇဝတ်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း KNPPက အသိပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီ လူထု ၂သိန်းကျော် စစ်ဘေးရှောင်များအဖြစ် အတိဒုက္ခပေါင်းများစွာကြားတွင် အသက်ဆက်နေရသကဲ့သို့ ၄၀၀ ကျော်မှာ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင် သေဆုံးခဲ့ရကြောင်း KNPP၏ သဝဏ်လွှာ၌ အသိပေးဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။