Connect with us

Hi, what are you looking for?

သတင်း

ကိုယ်ပိုင်ပြဌာန်းခွင့်ကျင့်သုံးနိုင်ရေး ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအားလုံး တော်လှန်ရေးတွင် ပါဝင်ရန် KNPP ပြော

စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိသော ကရင်နီပြည် ဖြစ်ပေါ်လာရေးအတွက် ရောက်ရှိသည့်နေရာမှ အမျိုးသားရေးအတွက် ကျရာကဏ္ဍများ၌ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း KNPPက တိုက်တွန်းထားသည်။

(ယမန်နှစ်က ကျရောက်သည့် (၁၄၇)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(ယမန်နှစ်က ကျရောက်သည့် (၁၄၇)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)

ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအားလုံး တော်လှန်ရေးတွင် ပါဝင်ကာ ပိုမိုစည်းလုံး ညီညွတ်ပြီး ကျစ်လစ်ခိုင်မာစေရန် တည်ဆောက်သွားနိုင်ရေးသည် ကရင်နီပြည်နယ်အတွက် အရေးတကြီး လိုအပ်ချက်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ယနေ့ကျရောက်သည့် (၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်သည်။

သို့မှသာ တော်လှန်ရေးကာလမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကာလအထိ မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို ခိုင်ခိုင်မာမာချမှတ် ကျင့်သုံးသွားနိုင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါအချက်များကို တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်အတွင်းတွင် ရှိကြသော ကရင်နီ အမျိုးသား အင်အားစုများအကြား မှန်ကန်သည့် ဆုံးဖြတ်ချက်၊ ဘုံရပ်တည်ချက်များနှင့် အတူ အကြမ်းဖက် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း ထပ်လောင်းဖော်ပြသည်။

စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိသော ကရင်နီပြည် ဖြစ်ပေါ်လာရေးအတွက် ရောက်ရှိသည့်နေရာမှ အမျိုးသားရေးအတွက် ကျရာကဏ္ဍများ၌ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း KNPPက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

KNPP ဦးဆောင်ပါဝင်သည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ယခုလ ဇွန်လ ၁၂ရက်တွင် ကြေညာထားသည်။ KNPP ၏ တပ်ဖြစ်သောကရင်နီတပ်မတော်(KA) အနေဖြင့် စစ်တပ်အာဏားသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ဒေသတွင်း ကာကွယ်ရေးတပ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ ကရင်နီဒေသ စစ်ပွဲများ၌ ကရင်နီးပူးပေါင်းတပ်များက အောင်ပွဲများရရှိနေသည်။

ယနေ့ ဇွန် ၂၁ရက်၌ ကျရောက်သည့် ကရင်နီအမျိုးသားနေ့သို့ ပအိုဝ်းဖက်ဒရယ်ကောင်စီ (PNFC)၊ကျောင်းသားတပ်ဖွဲ့(ABSDF)ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်နီပြည်လူငယ်များသမဂ္ဂ တို့က သဝဏ်လွှာများပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။