Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ခလရ (၂၆၈)တပ် လက်နက်တိုက်ကို ချင်းပူးပေါင်းတပ် ဝင်စီး

အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနှင့် ဝေးကွာသည့် ဖလမ်းမြို့နယ် ရမ်ထလိုရွာကို လေကြောင်း က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများထိခိုက်ခဲ့သည်။

(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ - The Chin Journal)
(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ - The Chin Journal)(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ - The Chin Journal)

▪️စစ်ကောင်စီတပ် ၆ဦးသေ၊ ပွိုင့်ဖိုက်စက်သေနတ်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀လက်ကျော် သိမ်းဆည်းနိုင်ဟု CNA ပြော

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်ဖြစ်သည့် ခလရ(၂၆၈) တပ်ရင်းဌာနချုပ်ကို ယနေ့နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်တိုက်ကို ဝင်စီးကာ လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“သန်းခေါင်ကျော် ၁နာရီခန့်မှာ ခလရ (၂၆၈)ဖလမ်း တပ်ကုန်းကို ကျနော်တို့ ဝင်စီးတယ်။ အဲဒီမှာ ကျနော်တို့ ဂိတ်နှစ်ခုကိုဖြတ်ပြီး ဝင်စီးပြီးတော့ သူတို့လက်နက်သိုလှောင်ထားတဲ့ လက်နက်တိုက် အဲဒီအထဲထဲထိ ကျနော်တို့ဝင်တယ်။ အဲဒီမှာ လက်နက် ၁၀လက်ကျော် ကျနော်တို့သိမ်းဆည်းရမိတယ်။ အဲဒီမှာရှိသမျှပေါ့”ဟု ဆလိုင်းထက်နီက People’s Spring သို့ ဖြေကြားသည်။

(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ - The Chin Journal)
(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ – The Chin Journal)

အဆိုပါတပ်ရင်း အနေအထားကို လေ့လာပြီး ယနေ့(ဩဂုတ် ၁၂ရက်)နံနက်အစောအချိန်၌ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ဘက်က CDF-KKGက ရဲဘော်တစ်ယောက်ကျတယ်။ သူတို့ ဘက်က ၆ယောက်ကျပြီးတော့ ၉ယောက်ဒဏ်ရာရရှိတယ်လို့ နောက်ဆုံးဝင်လာတဲ့ အထဲက သတင်းအရ ကျနော်တို့ သိရတာပေါ့။အဲဒီမှာ ၁၁နာရီခန့်မှာတော့ ကျနော်တို့တွေရှိနေနိုင်တယ်ထင်တဲ့နေရာ လက်နက်ကြီး ဂျက်ဖိုက်တာတွေနဲ့ ပစ်တယ်။ အဲဒီမှာ ပြည်သူအချို့ အသေအပျောက် သုံးယောက်လောက်ရှိတယ်။ ပြီးတော့ ၆ယောက်၊ ၇ယောက်လောက် သူတို့ ဒဏ်ရာရရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ် လက်နက်တိုက်၌ သိမ်းဆည်းထားသည့် လက်နက်များအနက် ပွိုင့်ဖိုက် စက်သေနတ် တစ်လက်၊ ငါးကြင်းမြီး စက်သေနတ် တစ်လက်၊ လက်နက်ကြီး (၆၀) မမ သုံးလက်၊ RPG နှစ်လက်၊ လက်နက်ငယ် လေးလက် စုစုပေါင်း လက်နက် ၁၁လက်နှင့် ပွိုင့်ဖိုက်ကျည်များ အပါအဝင် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။

တပ်ရင်းဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက်မှု အခြေအနေ အကျဉ်းကိုလည်း ဆလိုင်းထက်နီက ရှင်းပြသည်။

“ပထမဆုံးဂိတ်ကို ပထမဆုံးဝင်စီးတယ်။ ဒုတိယဂိတ်ကိုလည်း ဝင်စီးပြန်တယ်။ အဲဒီမှာ သူတို့က ခံပစ်တယ်။လျှပ်တပြတ်ဆိုပေမယ့် ၂နာရီ နီးပါးကြာတာပေါ့” ဟု ၎င်းက ပြောသည်။

ထို့နောက် လက်နက်တိုက်ကို ဝင်စီးကာ လက်နက်များ ယူဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ - The Chin Journal)
(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓတာ်ပုံ – The Chin Journal)

အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနှင့် ဝေးကွာသည့် ဖလမ်းမြို့နယ် ရမ်ထလိုရွာကို လေကြောင်း က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများထိခိုက်ခဲ့သည်။

ယခုနှစ် ဧပြီအတွင်းကလည်း ဖလမ်းမြို့နယ် ဗားရ်စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က စခန်းသိမ်းတိုက်ခိုက်ရာ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲအများအပြားသေဆုံးပြီး ကျန်နေသူများကို သုံ့ပမ်းအဖြစ် ဖမ်းဆီးသွားသည်။ လက်နက်ခဲယမ်းများစွာကိုလည်း CNDFက သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်စီတပ်က ရမ်ထလိုရွာနှင့် ဝေဘူလမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ဦးသေဆုံးကာ ဒဏ်ရာရသူများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။