Connect with us

Hi, what are you looking for?

သတင်း

ရွှေကူ – ဗန်းမော်ကြား၌ စစ်ကောင်စီရေယာဥ်အုပ်စုအား ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခဲ့ဟု မြို့လှ K-PDF အသိပေး

မြို့လှတပ်ရင်းအနေဖြင့် နွေဦးတော်လှန်ရေးအတွင်း ပြည်သူအာဏာပြည်သူပြန်ရသည်အထိ စွမ်းစွမ်းတမံ ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

(စစ်ကောင်စီ၏လက်နက်ရိက္ခာတင်လာသည့် ရေယာဥ်တစ်စီးအား တွေ့ရစဥ်)
(စစ်ကောင်စီ၏လက်နက်ရိက္ခာတင်လာသည့် ရေယာဥ်တစ်စီးအား တွေ့ရစဥ်)

▪️ရွှေကူရဲစခန်းကို ယနေ့နံနက်က တိုက်ခိုက်ရာ ရဲတစ်ဦးသေ၊ အများအပြားဒဏ်ရာရဟု ထုတ်ပြန်

ကချင်ပြည်နယ်သို့ ဦးတည်လာသည့် စစ်ကောင်စီ၏လက်နက်ရိက္ခာတင်လာသည့် သင်္ဘော(၉)စီးယဉ်တန်းအား ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား၌ (၁၀၇) မမ ရှော့တိုက်ဒုံးများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း မြို့လှ ကချင်ဒေသ-ပြည်သူ့ကာကွယ်ရေးတပ်(KPDF)က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၆ရက်နံနက်တွင် ရွှေကူမြို့ သင်္ဘောဆိပ်မှ ဗန်မော်မြို့သို့ ဆန်တက်လာစဉ် မြို့လှK-PDFတပ်ရင်း တပ်ခွဲ (၂) ဗိုလ်တခွန်အဖွဲ့က တိုက်ခိုက်ခဲ့ရာ ရိက္ခာသင်္ဘော(၁)စီးမှာ ထိမှန်ခဲ့ပြီး နောက်တစ်စီးမှာ ရှော့ဒုံး နှစ်လုံးထိမှန်သွားကြောင်း ဖော်ပြထားသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် သင်္ဘောနှစ်စီး အချိန်အတော်ကြာရပ်နားခဲ့ရပြီးနောက် နှစ်စီးတွဲ၍ ဆန်တက်သွားရာ စင်းခန်းရွာသို့ ညနေပိုင်းတွင် ရောက်ရှိ ကမ်းကပ်သွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ပြင်ဆင်မှုများ အရေးပေါ်ပြုလုပ်နေတယ်ဟုသိရပြီး ဒီညတော့ စင်းခန်းမှာ ညအိပ်မည်ဟုသိရပါတယ်။ သင်္ဘောနှင့်ပတ်သက်ပြီး ထိရောက်မှု့အခြေနေများကိုတော့ စုံးစမ်းနေပါတယ်” ဟု မြို့လှ KPDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြို့လှ K-PDF တပ်ရင်းတပ်ခွဲ(၁) ဗိုလ်မိုးကြိုး၏ မိုးကြိုးဝေဟင်အဖွဲ့ကလည်း ယနေ့နံနက်တွင် ရွှေကူမြို့ ရဲစခန်းထဲသို့ ဗုံးသီးလေးလုံးဖြင့် နှစ်ကြိမ်တိုင်ခိုက်ခဲ့ရာ ရွှေကူမြို့ရဲစခန်းမှ အမှတ်(၄) နယ်ထိန်းတစ်ဦး သေဆုံးသွားသည်ဟု အသိပေးသည်။

ထို့ပြင် နယ်ထိန်းနှစ်ဦးနှင့်အတူ တပ်သားခြောက်ဦးစုစုပေါင်း ရှစ်ဦး ထိခိုက်သွားကြောင်း ဖော်ပြသည်။

မြို့လှတပ်ရင်းအနေဖြင့် နွေဦးတော်လှန်ရေးအတွင်း ပြည်သူအာဏာပြည်သူပြန်ရသည်အထိ စွမ်းစွမ်းတမံ ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။