Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ်ရှိ ကျေးရွာများမီးရှို့နေ၍ မြို့ပေါ်ရှိ စစ်ကောင်စီရုံးနှစ်ရုံး ဗုံးချတိုက်ခိုက်

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပူးပေါင်းတပ်ဖွဲ့၀င်များအထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီတပ်က ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးရဲဘော်များအား တွေ့ရစဥ်)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဖျက်ဆီးနေ၍ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာရုံး နှစ်ရုံးကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၇ ရက်) ညနေ ၃နာရီခန့်က ဘုတလင်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးသီး သုံးလုံးနှင့် စုပေါင်းရုံးအတွင်း ဗုံးသီး တစ်လုံးျ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မောင်းသူမဲ့လေယာဥ်ဖြင့် ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ မြို့ပေါ်သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

“အဲဒီက ဒေသတွင်းအဖွဲ့က လှမ်းအကူအညီတောင်းလို့သွားဆော်လိုက်တာ။”ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ကပင် ညနေ ၅ နာရီခွဲခန့်က ကနီမြို့နယ် နွားခြံကုန်းကျေးရွာ ရောက်ရှိနေသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်အား ဗုံးသီး သုံးလုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးက ထပ်မံအသိပေးသည်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပူးပေါင်းတပ်ဖွဲ့၀င်များအထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီတပ်က ထိခိုက်ပျက်စီးမှုရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃) တိမ်တမာန်လေကြောင်းစစ်ဆင်ရေး၊ခွဲ(၁)(၄)၊ Ninja PDF၊ တပင်ရွှေထီး၊Lpdf၊ ဗိုလ်ချုပ်၊၀က်လက်၊ wings Of Kalay ကလေး၊ ကျောက်လုံးကြီးKLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM

၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေးနှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များ စသည့်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁၁ ရက်က ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးမွှေနှောက်နေသော စစ်ကြောင်းနှင့်ဒေသတွင်းတော်လှန်ရေးအင်အားစုများ မောင်းထောင်ရွာအနီးတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

စစ်ကောင်စီတပ်က သခွတ္တကျေးရွာကိုပါ မီးရှို့ဖျက်ဆီးပြီး မီးငြှိမ်းသတ်နေသည့် ဒေဿခံပြည်သူများကိုပါ သတ်ဖြတ်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook