Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့အဝင်၌ ရိက္ခာတင်ယာဥ်နှင့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မြို့အထွက်ဂိတ်အပါအဝင် ရွှေဘိုမြို့ရှိ စစ်ကောင်စီ စစ်ဆေးဂိတ်များမှာ ပြည်သူများအားစစ်ဆေး ငွေတောင်းခံမှုများ ပြုလုပ်နေပြီး မော်တော်ကားနှင့်ဆိုင်ကယ်များအား မတရားဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီအဖွဲ့ စစ်ဆေးလေ့ရှိရာ ရွှေဘိုမြို့အဝင်မုခ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီအဖွဲ့ စစ်ဆေးလေ့ရှိရာ ရွှေဘိုမြို့အဝင်မုခ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်၌ ရိက္ခာတင်ယာဥ်နှင့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF – ARMY၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၁၅ ရက် ညနေ ၃နာရီဝန်းကျင်က ရွှေဘိုမြို့ တထပ (၂)မှလာသည့် စစ်ကောင်စီ၏ ရိက္ခာတင်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား သုံးဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ကျန်ဒဏ်ရာရသူများအား နာရေးကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“အင်အား ၅၀ လောက်ပါတယ်။ ပါရိက္ခာပို့မယ့်ကားပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းနေ့ညနေ ၃ နာရီခွဲခန့်က ရွှေဘိုမြို့အဝင် မုခ်ဦးအနီးတွင် တပ်စွဲထားသောအင်အား ၅၀ ဦးပါ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ကြောင်း BLACK WOLF – ARMY၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် ဒရုန်းဖြင့် ဗုံးချ၍ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေးများကို BLACK WOLF – ARMY နှင့် Who am i – Army ၊ Forest Fighter တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တော်လှန်ရေးအင်အားစုများသည် ပြီးခဲ့သည့် သြဂုတ် ၄ ရက်ကလည်း ရွှေဘိုကျားကြီး ၊ ရွှေဘိုမင်း ၊ တိုက်နယ်ပကဖ(၆) တို့နှင့်အတူရွှေဘိုမြို့နယ်၊ ကော့ရွာ (ပျူရွာ) အား လက်နက်ကြီး သုံးလုံးပစ်ခတ်ကာ ဒရုန်းဖြင့် တစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

မြို့အထွက်ဂိတ်အပါအဝင် ရွှေဘိုမြို့ရှိ စစ်ကောင်စီ စစ်ဆေးဂိတ်များမှာ ပြည်သူများအားစစ်ဆေး ငွေတောင်းခံမှုများ ပြုလုပ်နေပြီး မော်တော်ကားနှင့်ဆိုင်ကယ်များအား မတရားဖမ်းဆီး သိမ်းဆည်းနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။