ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလယ်တံခွန်တိုင် ရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ဩဂုတ် ၁၅ ရက် နံနက် ၁၁နာရီခန့်တွင် KNUနယ်မြေ ခလယ်တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ် ခလရ(၂၈၄)နှင့် KNLA တပ်ရင်း (၁၆)၊ တပ်ခွဲ(၄) အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါ ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီ ထိခိုက်ဒဏ်ရာရရှိမှုကိုမူ စုံးစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၁၆)ပူးပေါင်းတပ်ဖွဲဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း မြေပြင်သတင်းပေးပို့ချက်ကို ကိုးကားဖော်ပြထားသည်။

Public Service Announcement


















































