Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခလယ်တံခွန်တိုင်ရဲစခန်း KNLA တိုက်ခိုက်၊ စစ်ကောင်စီတပ် လေးဦးသေ

ဩဂုတ် ၁၅ ရက် နံနက် ၁၁နာရီခန့်တွင် KNUနယ်မြေ ခလယ်တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ် ခလရ(၂၈၄)နှင့် KNLA တပ်ရင်း (၁၆)၊ တပ်ခွဲ(၄) အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

(ခလယ်တံခွန်တိုင် ရဲစခန်းအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ခလယ်တံခွန်တိုင် ရဲစခန်းအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ခလယ်တံခွန်တိုင် ရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

ဩဂုတ် ၁၅ ရက် နံနက် ၁၁နာရီခန့်တွင် KNUနယ်မြေ ခလယ်တံခွန်တိုင်ရဲစခန်းရှိ စစ်ကောင်စီတပ် ခလရ(၂၈၄)နှင့် KNLA တပ်ရင်း (၁၆)၊ တပ်ခွဲ(၄) အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီ ထိခိုက်ဒဏ်ရာရရှိမှုကိုမူ စုံးစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၁၆)ပူးပေါင်းတပ်ဖွဲဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း မြေပြင်သတင်းပေးပို့ချက်ကို ကိုးကားဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။