Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် စစ်ဆေးငွေတောင်းနေသည့် စစ်အုပ်စုအားတိုက်ခိုက်၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သားလေးဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ခုခံပစ်ခတ်ခဲ့၍ သေနတ်တစ်လက်သာ ကောက်ယူနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သိမ်းဆည်းရမိသောလက်နက်နှင့် ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။

ယမန်နေ့(သြဂုတ် ၂၀ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့၊ ပြ​ည်ထောင်စုလမ်းမကြီးပေါ်တွင် ပြည်သူများအား စစ်ဆေးငွေတောင်းခံနေသော စစ်ကောင်စီတပ်သား ငါးဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သားလေးဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ခုခံပစ်ခတ်ခဲ့၍ သေနတ်တစ်လက်သာ ကောက်ယူနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့နားကားရပ်ပြီး ကားပေါ်ကနေ ပစ်တာပါ။လမ်းပေါ်မှာ ဒီကောင်တွေ ငါးကောင်ရှိပါတယ်။ လေးကောင်ကို အပိုင်ပစ်နိုင်လို့ နေရာတင်သေဆုံးသွားပေမယ့် တစ်ကောင်လွတ်သွားလို့ အဲ့ကောင်က နေရာယူပြီးပြန်ပစ်တယ်ဗျ။ အဲဒါကြောင့် ရဲဘော်တွေက နီးရာတစ်လက်ပဲ ကောက်ယူပြီး ပြန်ဆုတ်ခွာခဲ့တာပါ”ဟု ကိုလင်းယုန်က ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်တွင် အိမ်စီးကားများဖြင့်ပါ လှည့်လည်စစ်ဆေးနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို Golden Eagle Force-Monywa အဖွဲ့က ဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(24)(Monywa ranger group truth army)၊ ကြယ်နီတပ်ဦး (pla)၊ brother revolution force-monywa နှင့် Ka Naung Min Thar Gyi-Monywaတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁၃ ရက် ညနေ ၅နာရီခွဲခန့်ကလည်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးအဖြစ် မုံရွာမြို့ရှိ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။