Connect with us

Hi, what are you looking for?

သတင်း

ကနီနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်စိတ်မှူး အရှင်ဖမ်းမိ

စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု)က Comrade စစ်ကြောင်း၊ KLG စစ်ကြောင်းနှင့် Alpha စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ULF)
(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ULF)

▪️ နွားခြံကုန်းကျေးရွာအား စစ်ကောင်စီတပ် ဖျက်ဆီးသွား

​စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းအား တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး တပ်စိတ်မှူးတစ်ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ULF တပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။

သြဂုတ် ၂၀ ရက်က ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်း​၏ ရှေ့ပြေးကင်းထောက် ၂၅ဦးသည် နွားခြံကုန်းရွာအပြင်သို့ ရောက်ရှိလာစဉ် ULFတပ်ပေါင်းစု၏ ကင်းပုန်းတပ်စုနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကိုဂျော်ဒန်က ပြောသည်။

ထိတွေ့ပစ်ခတ်မှု ၂၅မိနစ်ခန့်အတွင်း စစ်သားတစ်ဦးသေဆုံးကာ တပ်စိတ်မှူးထွန်းဝင်းဆိုသူအား အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ULF)
(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ULF)

“အဲဒီတပ်စိတ်မှူးက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က လာတာ။ အခု သွေးထွက်လွန်နေလို့ ဆေးကုသပြီးမှ စစ်သုံ့ပန်းဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ”ဟု ကိုဂျော်ဒန်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ULFတပ်ပေါင်းစုဝင် ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး တပ်စိတ်မှူးထွန်းဝင်းထံမှ (၄၀) မမ ဗုန်းသီး ၂လုံး၊ ကျည် ၂၅၀နှင့် ကျည်ဘောက် နှစ်ခုရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

နွားခြံကုန်းရွာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေတွင် ပြန်လည်ထွက်ခွာသွားပြီး နေအိမ်အားလုံးနီးပါး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ရွာမှာက အိမ်ခြေ ၅၀၀ လောက်ရှ်ိတယ်။ အိမ်တိုင်းကို မွှေထားတယ်။ အိမ်တချို့ မီးရှို့သွားတယ်။ မီးလောင်တဲ့စာရင်းတော့ မရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု)က Comrade စစ်ကြောင်း၊ KLG စစ်ကြောင်းနှင့် Alpha စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ကနီမြို့နယ်တွင် သြဂုတ် ၁၈ ရက်မှ ၂၀ရက်အထိ သုံးရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၁၊၂၂၊၂၃၊၂၅၊၂၈နှင့် ၃၀) တို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။