Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တိုက်ပွဲ စစ်​ကောင်စီ စစ်​ကြောင်းမှူး​သေဆုံးပြီး တပ်ခွဲမှူး တစ်ဦးအဖမ်းခံရ

စစ်ကိုင်းတိုင်းအတွင်း ကနီမြို့တွင်လည်း ဩဂုတ်လ ၂၁ရက်က ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်စိတ်မှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရများက အရှင်ဖမ်းမိခဲ့သည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-ထီးချိုင့်PDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-ထီးချိုင့်PDF)

ထီးချိုင့်မြို့နယ်အတွင်း ယခုရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး သေဆုံးသွားပြီး တပ်ခွဲမှူးတစ်ဦးကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ကအရှင်ဖမ်းမိထားသည်ဟု သတင်းရရှိသည်။

ထီးချိုင့်မြို့နယ်ကွင်းကြီးရွာအနီး ရောက်ရှိလာသည့် အင်အား ၆၀ ခန့်ရှိ​သောစစ်တပ်ကြောင်းကို ဩဂုတ်လ ၂၀ရက် နှင့် ဩဂုတ်လ ၂၁ ရက်တွင်KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့ခြင်းဖြစ်​ကြောင်းစစ်ရးသတင်းရင်းမြစ်များက​ပြောသည်။

“စစ်ကြောင်းမှူသေတော့ ဖွဲ့စည်းပုံပျက်သွားပြီး ကမူးရှူးထိုးတွေ ဖြစ်ကုန်တာ။ တပ်ခွဲမှူးကိုလည်း ဖမ်းမိထားတယ်။ အရာရှိတွေသေတော့ အရပ်သားတွေကို ပေါ်တာဆွဲပြီး အ‌လောင်းတွေပြန်သယ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ဩဂုတ်လ၂၁ရက်ကတိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟု သိရသည်။ထိုစစ်ကြောင်းသည် ကွင်းကြီးရွာနှင့် တဆက်တည်းဖြစ်သော ကျောက်မှော်ရွာသို့ ရောက်ရှိလာပြီး ဒေသခံ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ကျောက်မှော်ရွာမှ ကိုဦး၊ ကိုဟန်တင့်၊ကိုဆန်းမင်းနှင့်ကိုကြက်ဆူတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့(ဩဂုတ်လ ၂၃ရက်)အထိ ပြန်လွတ်လာခြင်းမရှိသေးပေ။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၁၀ရက်ခန့်မှစတင်ကာ ထီးချိုင့်မြို့နယ်အတွင်း အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်သည်။ ယခုအခါ စစ်​ကြောင်းတွင် ၃၀ဦးခန့်သာ ကျန်တော့ပြီး ၁၅ ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု​ဒေသခံအချို့က​ပြော သည်။

ယနေ့ (သြဂုတ် ၂၃ )တွင် ထီးချိူင့်ဆပ်ကမ်း၌ တပ်စွဲထားသသည်ဟု မြို့ခံများကပြောသည်။ ဖမ်းဆီးခံထားရသော အရပ်သားများနှင့်ပတ်သက်၍ မြို့ခံများက စိုးရိမ်နေကြသည်။

စစ်ကိုင်းတိုင်းအတွင်း ကနီမြို့တွင်လည်း ဩဂုတ်လ ၂၁ရက်က ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်စိတ်မှူးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရများက အရှင်ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။