Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဗုံးပစ် တိုက်ခိုက်

နတ်မောက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော် AZY နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF – PLA)က အသိပေးထားသည်။

(အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု(OPRF - PLA)မှရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - OPRF-PLA)
(အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု(OPRF - PLA)မှရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - OPRF-PLA)

မကွေးတိုင်း၊ နတ်မောက်မြို့ရှိ စစ်ကောင်စီတပ် ၏ မြို့အဝင်စစ်ဆေးရေးဂိတ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF – PLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၂၂)ညနေ ၅နာရီခွဲခန့်က နတ်မောက်မြို့မြောက်ဘက် မြို့အဝင်စစ်ဆေးရေးဂိတ် လုံခြုံရေးဘန်ကာအတွင်းသို့ စက်ရုံထုတ်(လျက်ဆားပုလင်း)လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်ခတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အနီးကပ်ပါပဲ ပစ်သွင်းနိုင်ခဲ့တာက၊ ဘန်ကာအနီး ရထားလမ်းနားအထိကပ်ပြီး ပစ်ခဲ့တာပါ။ ဘန်ကာကိုထိမှန် ပြုတ်ကျပြီး ဘန်ကာအနီးမှာပဲ ကပ်ကွဲခဲ့တာပါ​”ဟု OPRF – PLA မှတာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ဗုံးပစ်တိုက်ခိုက်ချိန်တွင် ဘန်ကာအတွင်း စစ်ကောင်စီတပ်သားတစ်ဦးရှိနေပြီး ဘန်ကာနောက်ဘက်တွင် စစ်ကောင်စီရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့နှင့် စစ်ကောင်စီတပ်သားများရှိရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“အတည်ပြုဖို့ကတော့ ကျွန်တော် ကိုယ်တိုင်တော့ မကြည့်ရဘူးပေါ့နော်၊ တခုကြားရတယ်။ မနက်ပိုင်းကပေါ့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စကစ တပ်သားရှိနေတာတော့ သေချာတယ်။ နောက်ဆက်တွဲတော့ ဆက်မသိရသေးဘူးဗျ”ဟု OPRF – PLA မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

နတ်မောက်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုတွင် ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော် AZY နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု(OPRF – PLA)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook