Connect with us

Hi, what are you looking for?

သတင်း

မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်း တပ်စွဲထားသော စစ်ကောင်စီ၏ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နှင့် အလင်းဝင်လာ

ယနေ့(သြဂုတ် ၂၄ ရက်)နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရဲတပ်သားတစ်ဦးသည် ဆားလင်းကြီးအခြေစိုက်သမန်းကျားတပ်ဖွဲ့ထံပူးပေါင်း၍ အလင်းဝင်ရောက်လာခြင်းဖြစ်သ​ည်။

(အလင်းဝင်လာသော ရဲတပ်သားယူဆောင်လာသော လက်နက်နှင့်ကျည်များ။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(အလင်းဝင်လာသော ရဲတပ်သားယူဆောင်လာသော လက်နက်နှင့်ကျည်များ။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နှင့် ကျည်များဖြင့် အလင်းဝင်ရောက်လာကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယနေ့(သြဂုတ် ၂၄ ရက်)နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရဲတပ်သားတစ်ဦးသည် ဆားလင်းကြီးအခြေစိုက်သမန်းကျားတပ်ဖွဲ့ထံပူးပေါင်း၍ အလင်းဝင်ရောက်လာခြင်းဖြစ်သ​ည်။

အဆိုပါရဲတပ်သားသည် အူစီ တစ်လက်၊G3 တစ်လက်၊ကျဥ်ဘောက် တစ်ခု၊7.62 ကျည် ၁၀တောင့်၊ (၉) မမကျည် ၉ တောင့်နှင့် စကားပြောစက်တစ်လုံးကိုပါ ယူဆောင်လာပြီး သမန်းကျားတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

၎င်းရဲတပ်သားသည် ပထမအကြိမ်ထွက်ပြေးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယခု ဒုတိယအကြိမ်မှ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“သူက အာဏာသိမ်းကာလမှာ ရဲထဲကိုဝင်ရောက်တာ။ စဝင်ခါစက သူတို့ကိုစစ်တပ်စည်းရုံးတာ တစ်လကို လေးသိန်းပေးမယ်ဆိုပြီး။ လေးသိန်းမပေးဘဲနဲ့ စဝင်ဝင်ချင်း သင်တန်းခြောက်လမှာပဲ တစ်လတစ်သိန်းခွဲပေးတယ်။ ပြန်မေးတဲ့အခါမျိုးမှာ ကျန်တဲ့ဟာတွေက လမ်းစရိတ်တွေသုံးလိုက်ပြီ ပိုတဲ့ပိုက်ဆံကို ငါတို့သုံးတယ်။ကျေနပ်လားဆိုပြီး မေးခွန်းထုတ်တာတွေရှိတယ်ပြောတယ်။”ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလင်းဝင်ရောက်လာသော ရဲတပ်သားအား လုံခြုံသည့်နေရာသို့ပို့ဆောင်ထားကြောင်း၊ ရန်ပုံငွေအခက်အခဲကြောင့် ရဲတပ်သားအား လက်တလော ဆုကြေးငွေ ချီးမြှင့်နိုင်ခြင်းမရှိသေး၍ ပြည်သူများ ထည့်ဝင်လှုဒါန်းပေးကြပါရန် သမန်းကျားတပ်ဖွဲ့နှင့် ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

အဆိုပါ ရဲတပ်သားအား ဆုချီးမြှင့်ရာတွင် ပါဝင်လိုပါက ဆားလင်းကြီးမြို့နယ် သမန်းကျားတပ်ဖွဲ့နှင့် ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး Facebook စာမျက်နှာများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။