Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုနယ်တွင် စစ်ကောင်စီလက်အောက်ခံ BGFမှ ဗိုလ်ဝင်းစိုးအား ပစ်ခတ်ရှင်းလင်း

သေဆုံးသူ BGFမှ ဗိုလ်ဝင်းစိုးထံမှ သေနတ်နှစ်လတ်အပြင် BGF တပ်ဖွဲ့ဝင်စီစစ်ရေးကဒ်၊မှတ်ပုံတင်နှင့် ယာဥ်မောင်းလိုင်စင်များ သိမ်းဆည်းရရှိခဲ့သည်။

(နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးထံမှ သိမ်းဆည်းရရှိသော လက်နက်များ)
(နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးထံမှ သိမ်းဆည်းရရှိသော လက်နက်များ)

▪️သေနတ်နှစ်လက်သိမ်းဆည်းရရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးအား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်နှစ်လက်ရရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ရက်) နံနက် ၇နာရီခွဲခန့်တွင် BGFမှ ဗိုလ်ဝင်းစိုးမောင်းနှင်လာသည့် ကားကို ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်တွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“သူက စကစနဲ့ တရားဝင်ပေါင်းပြီး မှောင်ခိုစီး ပွားရေးနဲ့ လောင်းကစားတွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့သူ ဖြစ်တယ်။ပြီးတော့ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့သူတွေလည်း သူရဲ့ လက်ထောက်ချရာကနေ ဖမ်းဆီးခံရသူတွရှိခဲ့တယ်”ဟု KRF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းကာ သောင်းနုမြေဧက ၃၀၀ကိုသိမ်းဆည်းခြင်းနှင့် လယ်ယာမြေများကို စျေးနှိမ်ဝယ်ယူ ခြင်းများအပါအဝင် စစ်ကောင်စီအတွက် လျှပ်စစ်မီတာခများရရှိရေး ဆောင်ရွက်ခဲ့သူဖြစ်ကြောင်းလည်း KRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ BGFမှ ဗိုလ်ဝင်းစိုးထံမှ သေနတ်နှစ်လတ်အပြင် BGF တပ်ဖွဲ့ဝင်စီစစ်ရေးကဒ်၊မှတ်ပုံတင်နှင့် ယာဥ်မောင်းလိုင်စင်များ သိမ်းဆည်းရရှိခဲ့သည်။

ယနေ့ စစ်ရေးပစ်မှတ်ကို KRFနှင့်အတူ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။