Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုနယ်တွင် စစ်ကောင်စီလက်အောက်ခံ BGFမှ ဗိုလ်ဝင်းစိုးအား ပစ်ခတ်ရှင်းလင်း

သေဆုံးသူ BGFမှ ဗိုလ်ဝင်းစိုးထံမှ သေနတ်နှစ်လတ်အပြင် BGF တပ်ဖွဲ့ဝင်စီစစ်ရေးကဒ်၊မှတ်ပုံတင်နှင့် ယာဥ်မောင်းလိုင်စင်များ သိမ်းဆည်းရရှိခဲ့သည်။

(နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးထံမှ သိမ်းဆည်းရရှိသော လက်နက်များ)
(နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးထံမှ သိမ်းဆည်းရရှိသော လက်နက်များ)

▪️သေနတ်နှစ်လက်သိမ်းဆည်းရရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ဝင်းစိုးအား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်နှစ်လက်ရရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ရက်) နံနက် ၇နာရီခွဲခန့်တွင် BGFမှ ဗိုလ်ဝင်းစိုးမောင်းနှင်လာသည့် ကားကို ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်တွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“သူက စကစနဲ့ တရားဝင်ပေါင်းပြီး မှောင်ခိုစီး ပွားရေးနဲ့ လောင်းကစားတွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့သူ ဖြစ်တယ်။ပြီးတော့ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့သူတွေလည်း သူရဲ့ လက်ထောက်ချရာကနေ ဖမ်းဆီးခံရသူတွရှိခဲ့တယ်”ဟု KRF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်းကာ သောင်းနုမြေဧက ၃၀၀ကိုသိမ်းဆည်းခြင်းနှင့် လယ်ယာမြေများကို စျေးနှိမ်ဝယ်ယူ ခြင်းများအပါအဝင် စစ်ကောင်စီအတွက် လျှပ်စစ်မီတာခများရရှိရေး ဆောင်ရွက်ခဲ့သူဖြစ်ကြောင်းလည်း KRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ BGFမှ ဗိုလ်ဝင်းစိုးထံမှ သေနတ်နှစ်လတ်အပြင် BGF တပ်ဖွဲ့ဝင်စီစစ်ရေးကဒ်၊မှတ်ပုံတင်နှင့် ယာဥ်မောင်းလိုင်စင်များ သိမ်းဆည်းရရှိခဲ့သည်။

ယနေ့ စစ်ရေးပစ်မှတ်ကို KRFနှင့်အတူ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ တပတ်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။