Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

သြဂုတ်၂၁ ရက် ညနေ ၄ နာရီခွဲခန့်က ကမ္မမြို့၌ ကင်းပတ်ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သားများအား ပခုက္ကူ(ပကဖ) တပ်(၁)က လက်ပစ်ဗုံး သုံးလုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ(ပကဖ)က ပြောသည်။

(ပခုက္ကူ(ပကဖ)ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပခုက္ကူပကဖ)
(ပခုက္ကူ(ပကဖ)ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပခုက္ကူပကဖ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ​ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-(ပခုက္ကူပကဖ)က ပြောသည်။

သြဂုတ်၂၁ ရက် ညနေ ၄ နာရီခွဲခန့်က ကမ္မမြို့၌ ကင်းပတ်ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သားများအား ပခုက္ကူ(ပကဖ) တပ်(၁)က လက်ပစ်ဗုံး သုံးလုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ(ပကဖ)က ပြောသည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်အရာရှိ နှစ်ဦးနှင့် တပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များမှာမူ အထိအခိုက်မရှိဟု ပခုက္ကူ(ပကဖ)အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

“အင်အားချင်း မမျှတဲ့အတွက် နောက်ဆုတ်ခဲ့ရတာပါ။ ၂၀ ပက်ဝန်းကျင်ယူဆပြီး တိုက်ခိုက် ပေ့မယ့် ရန်သူအင်အား ၅၀ လောက် ပါပါတယ်။ ဖြစ်ပွါးတဲ့ နေရာမှာတင် နှစ်ယောက်လဲကျ သေဆုံးခဲ့ပါတယ်။ မြေပြင်သတင်းအရ အရာရှိဗိုလ် နှစ်ဦးပါဝင်ပြီး တပ်သားတစ်ယောက် ပါတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။”ဟု ပခုက္ကူ (ပကဖ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက်တစ်ရက်တွင် စစ်အုပ်စုယာဥ်တန်းများ ပခုက္ကူမြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။