Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ်၌ ရဲအုပ်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် အသတ်ခံရ

ယနေ့(စက်တင်ဘာ ၁၃ရက်) နေ့လယ် ၃နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊တပင်ရွှေထီးလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

ရဲခေါင်/People’s Spring

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၌ စစ်ကောင်စီလက်အောက်ခံ ရဲအုပ်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၃ရက်) နေ့လယ် ၃နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊တပင်ရွှေထီးလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“သုံးလေးချက်တော့ ရှိမယ်။ သူ့အဖော်တွေနဲ့ ထိုင်နေတုန်းမှာတဲ့။ နှလုံးကို ထိသွားတယ်လည်း ကြားတယ်။ လူနာတင်ယာဥ်နဲ့ ခေါ်သွားပြီ။ စကစတွေ အဲ့နားမှာ ခြေရှုပ်နေတယ်။ အဲ့လောက်ပဲ သိရသေးတယ်”ဟု အမှတ်(၈)ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပစ်သတ်ခံရသည့် စစ်ကောင်စီလက်အောက်ခံ ရဲအုပ်အောင်သက်ထွေးသည် ရွှေပြည်သာမြို့နယ်သို့ ပြောင်းရွှေ့လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် NOM၏ တယ်လီဂရမ်၌ ဖော်ပြချက်အရ PDF ရဲဘော်နှစ်ဦးက ရဲအုပ်အောင်သက်ထွေးကို သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဟု ဆိုသည်။

ရဲအုပ်အောင်သက်ထွေးသည် လက်ဖက်ရည်သောက်နေစဥ် လူတစ်ဦးက ပန်းစည်းပေးသဖြင့် လက်ခံယူနေစဥ် တစ်ဦးက သေနတ်ဖြင့်သုံးချက်ပစ်ခတ်ခဲ့သည့်အတွက် ညာဖက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook