Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် အိမ်ထောင်စု ၁၀၀ ကျော်အတွက် စောင်နှင့်ခေါင်းအုံးများ လှူဒါန်း

“စုစုပေါင်းစစ်ရှောင် ထောင်ကျော်တယ်။ ပြန်လို့မရသေးတာ။ ဆန်၊ ဆီ စားသောက်ကုန်တွေရောလိုအပ်နေတယ်။”ဟု ကိုအောင်ခန့်ဇော်က ပြောသည်။

စစ်ဘေးရှောင်များအား လှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ
စစ်ဘေးရှောင်များအား လှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

ချင်းတွင်းမောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ထောင်စု ၁၀၀ကျော်အတွက် စောင်နှင့်ခေါင်းအုံးများ လှူဒါန်းခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ပြောသည်။

ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်းမှ ညောင်ပင်ကြီးတဝိုက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား လှူဒါန်းမှုပြုလုပ်ခဲ့ရာ ယခုရက်ပိုင်းအတွင်း ဆားလင်းကြီးမြို့နယ် ကျေးရွာများရှိ မီးဘေးသင့်အိမ်ထောင်စု ၁၀၀ကျော်အတွက် စောင်တစ်ထည် ၊ ခေါင်အုံး နှစ်လုံးစီ လှူဒါန်းခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညောင်ပင်ကြီးကျေးရွာ အနီးရှိ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယခုအခါ ၃ လကျော်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က ထွက်ခွာသွားခြင်းမရှိသေး၍ တိမ်းရှောင်နေရဆဲဖြစ်ပြီး ကျေးရွာ ၆ရွာမှ ဒေသခံပြည်သူတစ်ထောင်ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်းလည်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

“စုစုပေါင်းစစ်ရှောင် ထောင်ကျော်တယ်။ ပြန်လို့မရသေးတာ။ ဆန်၊ ဆီ စားသောက်ကုန်တွေရောလိုအပ်နေတယ်။”ဟု ကိုအောင်ခန့်ဇော်က ပြောသည်။

ထို့အပြင် လိုအပ်မှုများရှိနေသေး၍ ပြည်တွင်း၊ ပြည်ပအလှူရှင်များ ပူးပေါင်းပါဝင်နိုင်ကြောင်းချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ၂၀၂၁ မေလ မှ ၂၀၂၃ ဇူလိုင်အထိ စစ်ကိုင်းအတွင်း အိမ်ခြေပေါင်း ၅၇,၅၀၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ သြဂုတ်အတွင်း၌လည်း စစ်ကောင်စီတ​ပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများအပြားအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။