Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် ရဲဘော်နှင့်ပြည်သူများ သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်အား တုံ့ပြန်တိုက်ခိုက်

စက်တင်ဘာ ၂၆ ရက်ကလည်း ချောင်းဦးမြို့နယ်လမ်းပိုင်းတွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သေးသည်။

(တိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သော စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် ကျည်ခွံများအား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)
(တိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သော စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် ကျည်ခွံများအား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ရဲဘော်နှင့်ပြည်သူများအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းနှစ်ကြိမ်​ဆွဲတိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ – မုံရွာခရိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၈ ရက် နံနက် ၇ နာရီခန့်က ချောင်းဦးမြို့နယ်တွင် အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဆင်ဖြူရှင်တံတားဘက်သို့ ထွက်လာစဉ် ပေါက်အင်းကျေးရွာအနီးအရောက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ – မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃၏ တပ်ခွဲမှူး မိုးကြိုးက ပြောသည်။

(တိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သော စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် ကျည်ခွံများအား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)
(တိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သော စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် ကျည်ခွံများအား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)

“ပွိုင့်တစ်ခုနဲ့ တစ်ခုက နီးတယ်။ ကိုက် ၅၀၀ လောက်ပဲ ဝေးမယ်ဗျ။ ပထမပွိုင့် ခွဲတဲ့နေရာမှာ မိုင်းထိတဲ့သူတွေကို ‌ဒဏ်ရာသန့်ရှင်းရေးလုပ်ထားတာတွေနဲ့ သွေးကွက်တွေကို သူတို့ ရေနဲ့ ပြန်ဆေးထားတာတွေ တွေ့ရတယ်။ ဒုတိယပွိုင့် ခွဲတဲ့နေရာမှာတော့ သူတို့ယူနီဖောင်းတွေပါ ချွတ်ထားတာတွေ့ရတယ်။ သွေးကွက်တွေလည်း တွေ့ရတယ်။ နှစ်ပွိုင့်စလုံးခွဲပြီး နာရီဝက်လောက်ကြာတော့ ဖောကားနဲ့ လာသယ်သွားတာကိုလည်း မျက်မြင် ပြည်သူတွေကတဆင့် အတည်ပြုနိုင်ခဲ့တယ်။”ဟု တပ်ခွဲမှူး မိုးကြိုးက ပြောသည်။

စစ်ကောင်စီတပ်သားများကလည်း (၄၀) မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ၁၅မိနစ်ခန့်ကြာအောင် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ထိခိုက်သွားသည့် စစ်ကောင်စီတပ်သားများအား လာရောက်ခေါ်ဆောင်သွားကြောင်း တပ်ခွဲမှူး မိုးကြိုးက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ချောင်းဦးမြို့နယ်အတွင်း ရဲဘော် သုံးဦးနှင့် ဒေသခံ ပြည်သူ ၆ဦး သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းတိုက်ခိုက်မှုအား လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ) နှင့် ရန်ရှင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စက်တင်ဘာ ၂၆ ရက်ကလည်း ချောင်းဦးမြို့နယ်လမ်းပိုင်းတွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။