Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုတွင်စစ်တပ်လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒဏ်ရာရ​သော က​လေးငယ်များသက်သာလာဟု​ဒေသခံ​ပြော

က​လေးငယ် ၂၀ ဦးတွင် ၇ ဦးမှာ အစအနခွဲချုပ်ခဲ့ရပြီး ၊ ၁၂ ဦးမှာ ရှပ်ထိဒဏ်ရာရရှိခဲ့ကာ ၊ ၁ ဦး မှာ အပူ​လောင်ခဲ့​ကြောင်း NUG မှသိရသည်။

( စစ်တပ်လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့​သောက​လေးငယ်များ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ People's Spring Infographic)
( စစ်တပ်လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့​သောက​လေးငယ်များ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ People's Spring Infographic)

ဝန်းသိုမြို့တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်​သော​ကြောင့်ဒဏ်ရာရခဲ့သည့် ကလေးငယ်များအားလုံး ဒဏ်ရာသက်သာလာကြောင်း ဒေသခံအချို့ က​ပြောသည်။

ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမဘုန်းကြီးကျောင်းတိုက်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်ခန့်တွင် လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂၀ ဦးဒဏ်ရာရခဲ့ပြီး ခြောက်ဦးသည် ဒဏ်ရာပြင်းထန်ခဲ့သည်။

“ဒဏ်ရာပိုပြင်းတဲ့ ကလေး ခြောက်ယောက်စလုံး အခြေအနေကောင်းပါပြီ။ အကြီးစားခွဲစိတ်ရတဲ့ အဆင့်မရောက်ခဲ့လို့ ကံကောင်းပါတယ်။ အားလုံး စိတ်ချရပါပြီ”ဟု ဝန်းသိုမြို့မှ ဒေသခံတစ်ဦးကယနေ့(အောက်တိဘာလ ၁ရက်)ပြောသည်။

Public Service Announcement
Public Service Announcement

ဝန်းသိုမြို့မှ စစ်ကောင်စီက ခြေမြန်တပ်ရင်း ခမရ (၁၀၂) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်စစ်ဘက်ခွဲခြားမှုမရှိ၊ကျိုးကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည်ဟုလည်း NUGက ဖော်ပြထားသည်။

က​လေးငယ် ၂၀ ဦးတွင် ၇ ဦးမှာ အစအနခွဲချုပ်ခဲ့ရပြီး ၊ ၁၂ ဦးမှာ ရှပ်ထိဒဏ်ရာရရှိခဲ့ကာ ၊ ၁ ဦး မှာ အပူ​လောင်ခဲ့​ကြောင်း NUG မှသိရသည်။

စစ်ကိုင်းတိုင်း၊ ဝန်သိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲမဖြစ်ပွားဘဲ ​ခြေမြန်တပ်ရင်း- ခမရ (၁၀၂) ထဲမှလက်နက်ကြီးများဖြင့်မကြာခဏပစ်ခတ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)သိမ်းယူထားသောပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှညောင်ကျိုးဗျူဟာစခန်းကို ပြန်လည်ထိုးစစ်ဆင်ရေးအတွက် စစ်ကောင်စီကအင်အားဖြည့်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်၍ စစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

နိုင်ငံရေးဖိအားများစွာကြောင့်လားရှိးမြိုမှပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းMNDAA၏အထူးဒေသ(၁)ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို MNDAA သတင်းပြန်ကြားရေးဌာနThe Kokangကယ​နေ့(ဧပြီ ၂၆) ဖော်ပြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေသာရွာအနီးရှိ အရပ်ဘက်ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီ၏အရေးပါသည့် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။