Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုတွင်စစ်တပ်လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒဏ်ရာရ​သော က​လေးငယ်များသက်သာလာဟု​ဒေသခံ​ပြော

က​လေးငယ် ၂၀ ဦးတွင် ၇ ဦးမှာ အစအနခွဲချုပ်ခဲ့ရပြီး ၊ ၁၂ ဦးမှာ ရှပ်ထိဒဏ်ရာရရှိခဲ့ကာ ၊ ၁ ဦး မှာ အပူ​လောင်ခဲ့​ကြောင်း NUG မှသိရသည်။

( စစ်တပ်လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့​သောက​လေးငယ်များ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ People's Spring Infographic)
( စစ်တပ်လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့​သောက​လေးငယ်များ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ People's Spring Infographic)

ဝန်းသိုမြို့တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်​သော​ကြောင့်ဒဏ်ရာရခဲ့သည့် ကလေးငယ်များအားလုံး ဒဏ်ရာသက်သာလာကြောင်း ဒေသခံအချို့ က​ပြောသည်။

ဝန်းသိုမြို့နယ်၊ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမဘုန်းကြီးကျောင်းတိုက်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်ခန့်တွင် လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂၀ ဦးဒဏ်ရာရခဲ့ပြီး ခြောက်ဦးသည် ဒဏ်ရာပြင်းထန်ခဲ့သည်။

“ဒဏ်ရာပိုပြင်းတဲ့ ကလေး ခြောက်ယောက်စလုံး အခြေအနေကောင်းပါပြီ။ အကြီးစားခွဲစိတ်ရတဲ့ အဆင့်မရောက်ခဲ့လို့ ကံကောင်းပါတယ်။ အားလုံး စိတ်ချရပါပြီ”ဟု ဝန်းသိုမြို့မှ ဒေသခံတစ်ဦးကယနေ့(အောက်တိဘာလ ၁ရက်)ပြောသည်။

Public Service Announcement
Public Service Announcement

ဝန်းသိုမြို့မှ စစ်ကောင်စီက ခြေမြန်တပ်ရင်း ခမရ (၁၀၂) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက်စစ်ဘက်ခွဲခြားမှုမရှိ၊ကျိုးကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည်ဟုလည်း NUGက ဖော်ပြထားသည်။

က​လေးငယ် ၂၀ ဦးတွင် ၇ ဦးမှာ အစအနခွဲချုပ်ခဲ့ရပြီး ၊ ၁၂ ဦးမှာ ရှပ်ထိဒဏ်ရာရရှိခဲ့ကာ ၊ ၁ ဦး မှာ အပူ​လောင်ခဲ့​ကြောင်း NUG မှသိရသည်။

စစ်ကိုင်းတိုင်း၊ ဝန်သိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲမဖြစ်ပွားဘဲ ​ခြေမြန်တပ်ရင်း- ခမရ (၁၀၂) ထဲမှလက်နက်ကြီးများဖြင့်မကြာခဏပစ်ခတ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။