Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ
စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ်ကို ယမန်နေ့ညက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း Urban Special Operation (USO) အဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီ ၂၆ မိနစ်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အောင်မြေသာစည် အိမ်ရာအတွင်းရှိ လင်းမင်းမောင်လွင်၏ နေအိမ်ကို မဟာမိတ်အဖွဲ့ဝင်များက ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း USO က ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“မနေ့ညက လှိုင်နဲ့ကမာရွတ်မြို့နယ်အစပ် (၁)ရပ်ကွက်နားမှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ ညကတော့ ဘယ်နားမှာပေါက်မှန်း အတိအကျတော့ မသိလိုက်ကြဘူး။ ခုမနက်မှ ဝဏ္ဏမောင်လွင်ရဲ့ သား အိမ်နားမှာပေါက်တာလို့ ကြားတယ်။ ဗုံးပေါက်ပြီးတာနဲ့ အင်းစိန်လမ်းမှာရော ဗဟိုလမ်းဘက်မှာပါ စစ်ကားတွေ တောက်လျှောက်စစ်နေတာ တွေ့ရပါတယ်” ဟု ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

၀ဏ္ဏမောင်လွင်၏ သားဖြစ်သူသည် စစ်ကောင်စီ၏ အကြမ်းဖက်အသုံးစရိတ်များ၊ နိုင်ငံခြားစီးပွားရေးများကို ခရိုနီများနှင့် ပူးပေါင်းပြီး အကျိုးအမြတ်ရှာဖွေနေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း USO အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့ဝင်များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။