Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ
စစ်ကောင်စီအဖွဲ့ဝင်ဝဏ္ဏမောင်လွင်၏သား လင်းမင်းမောင်လွင်နေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ်ကို ယမန်နေ့ညက ဗုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း Urban Special Operation (USO) အဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်နေ့ည ၉ နာရီ ၂၆ မိနစ်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အောင်မြေသာစည် အိမ်ရာအတွင်းရှိ လင်းမင်းမောင်လွင်၏ နေအိမ်ကို မဟာမိတ်အဖွဲ့ဝင်များက ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း USO က ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“မနေ့ညက လှိုင်နဲ့ကမာရွတ်မြို့နယ်အစပ် (၁)ရပ်ကွက်နားမှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ ညကတော့ ဘယ်နားမှာပေါက်မှန်း အတိအကျတော့ မသိလိုက်ကြဘူး။ ခုမနက်မှ ဝဏ္ဏမောင်လွင်ရဲ့ သား အိမ်နားမှာပေါက်တာလို့ ကြားတယ်။ ဗုံးပေါက်ပြီးတာနဲ့ အင်းစိန်လမ်းမှာရော ဗဟိုလမ်းဘက်မှာပါ စစ်ကားတွေ တောက်လျှောက်စစ်နေတာ တွေ့ရပါတယ်” ဟု ကမာရွတ်မြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

၀ဏ္ဏမောင်လွင်၏ သားဖြစ်သူသည် စစ်ကောင်စီ၏ အကြမ်းဖက်အသုံးစရိတ်များ၊ နိုင်ငံခြားစီးပွားရေးများကို ခရိုနီများနှင့် ပူးပေါင်းပြီး အကျိုးအမြတ်ရှာဖွေနေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း USO အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့ဝင်များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။