Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်း PDFအဖွဲ့များ တိုက်ခိုက်

စစ်တပ်နဲ့ပျူအင်အားကတော့ ၁၀၀လောက်အထိရှိတယ်။ ပျူစောထီးအားကောင်းရာနေရာပေါ့။ တပ်စွဲထားတာကကြာပြီ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခု သွားရောက်နေချိန် တွေ့ရစဥ်)
(ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခု သွားရောက်နေချိန် တွေ့ရစဥ်)

အရာတော်တွင် ပျူစောထီးအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး သေဆုံးပျူနာရေးကို PDFများ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသတွင်း PDFအဖွဲ့များက တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)တပ်ရင်း (၃)၊တပ်ခွဲ(၁)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ခေါင်းဆောင် ဗိုလ်မီးပွားက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၃ ရက်) နံနက် ၁၁ နာရီခွဲခန့်က မြိုင်မြို့နယ် ဆုံကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦး သေဆုံးကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၏ ခေါင်းဆောင် ဗိုလ်မီးပွားက ပြောသည်။

“ကိုင်းတောမ ရေစက်စောင့်တာ သူတို့က။ အင်အား၃၀လောက်ရှိမယ်ဗျ။ ရေစက်က စက်မှု(၂) ကို ရေသွယ်တာ။ ထွက်လာတာက ၁၅ယောက်လောက်နေမယ်။ ခြေကျင်လာကြတာ။ ကျွန်တော်တို့က အသင့်စောင့်နေတာ။ ပေ၂၀ လောက်အကွာအဝေးကနေ အသင့်ပစ်ရတာ။ သေတာက မျက်မြင်သေတာ”ဟု ဗိုလ်မီးပွားက ပြောသည်။

ယင်းစစ်ဆင်ရေးကို မြိုင်(ပကဖ) တပ်ရင်း(၃)၊တပ်ခွဲ(၁) ဝံပုလွေပြောက်ကျားတပ်ဖွဲ့ နှင့် အတူ မြိုင်(ပကဖ) တပ်ရင်း(၁)၊တပ်ခွဲ(၁) ၊ မြိုင်(ပကဖ) တပ်ရင်း(၃)၊တပ်ခွဲ(၄) ၊MUGDF၊ပခုက္ကူခရိုင် တပ်ရင်း(၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ အောက်တိုဘာ ၂ ရက်ကလည်း မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုရှိရာ အဆောက်အဦးများနှင့် ဘန်ကာများသို့ လက်လုပ်လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်(ပကဖ)အဖွဲ့ဝင်များဖြစ်သော အညာမြေပျောက်ကျားတပ်ဖွဲ့ ၊ ဆင်ရိုင်းတပ်ဖွဲ့၊ လင်းမြွေတပ်ဖွဲ့၊ M ဒေါင်းနီတပ်ဖွဲ့၊ YTA တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရော့ကတ် ၆၀နီးပါး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တခြားသတင်းတရပ်အဖြစ် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးကျေးရွာတွင် ၎င်းတို့အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးရာ အဆိုပါပျူနာရေးကို PDFအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revolution Force အဖွဲ့တာဝန်ခံ ကိုစစ်နိုင်က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၃ ရက်)နံနက် ၄နာရီခန့်က ပျူစောထီးများ အချင်းချင်းပစ်ခတ်မှုဖြစ်သည်။

“ညကင်းစောင့်ရင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားတာ ။ ပြောမယ်ဆိုရင်တော့မှုးရူးပြီးတော့ပေါ့။

စစ်တပ်နဲ့ပျူအင်အားကတော့ ၁၀၀လောက်အထိရှိတယ်။ ပျူစောထီးအားကောင်းရာနေရာပေါ့။ တပ်စွဲထားတာကကြာပြီ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ညနေ ၃နာရီခန့်တွင် ပျူအလောင်းထားရာ နေရာ၊ သုဿန်၌သင်္ဂြိုလ်မည့်နေရာနှင့် စစ်ကောင်စီစခန်းနေရာများအား ဒရုန်းဖြင့် ဗုံးသီး ၁၀လုံး၊ Shar Htoo Waw နည်းပညာဖြင့် ဗုံးသီးငါးလုံးကြဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“ထိခိုက်မှုများနိုင်တယ်။ ပြည်သူတွေမရှိဘူး။ ပျူအင်အားကောင်းတဲ့ ငွေတွင်းပျူစောထီးရွာဆိုတော့ ပျူတွေပဲလာတာ။ အနီးနားလေးကပ်ကျသွားတာ။”ဟု ကိုစစ်နိုင်က ပြောသည်။

အဆိုပါစစ်ဆင်ရေးကို NDRF၊ MRTF၊GZP၊ကျောက်ဆည်နဂါးနီတပ်ရင်း(၁)၊ Lighting Drone Force စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ငွေတွင်းပျူရွာသည် အရာတော်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။