Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီခန့်အုပ်ကြီးနှင့် ရဲတစ်ဦး ပစ်ခတ်ခံရ

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Eagle Force-Monywaအဖွဲ့၏ ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၄ ရက်) နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်ၑ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးမြတ်နှင့် ရဲတစ်ဦးတို့ ကားဖြင့်ထွက်လာစဥ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း​ဖြစ်ကြောင်း ကိုလင်းယုန်က ပြောသည်။

အုပ်ချုပ်ရေးမှူးနှင့်ရဲတို့မှာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး ရဲဘော်များမှာမူ အထိခိုက်မရှိဟု ဆိုသည်။

“ကားပေါ်မှာ အုပ်ချုပ်ရေးမှူးနဲ့ရဲပဲ ပါတာပါ။ မုံရွာမြို့အဝင် နတ်လူထိပ္ပန်ရပ်ကွက်ရုံးကနေ မြို့ထဲကို သွားကြတာ။ အဲ့ကောင်တွေ ပစ်ခတ်မှုအပြီး စကစတွေ တန်းရောက်လာတယ်။ နာရေးကားရော ဆေးရုံအရောက်မှာပဲ နှစ်ကောင်လုံးဆုံးသွားကြတယ်ဗျ။”ဟု ကိုလင်းယုန်က ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါရပ်ကွက်ရုံးအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး အိမ်စီးကားများဖြင့်လည်း လှည့်လည်နေကြောင်း မြို့ခံအချို့က ပြောသည်။

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စက်တင်ဘာ ၃၀ ရက်ကလည်း မုံရွာမြို့နယ်၊ သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်တပ်ဂိတ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။