Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီခန့်အုပ်ကြီးနှင့် ရဲတစ်ဦး ပစ်ခတ်ခံရ

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Eagle Force-Monywaအဖွဲ့၏ ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၄ ရက်) နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်ၑ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးမြတ်နှင့် ရဲတစ်ဦးတို့ ကားဖြင့်ထွက်လာစဥ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း​ဖြစ်ကြောင်း ကိုလင်းယုန်က ပြောသည်။

အုပ်ချုပ်ရေးမှူးနှင့်ရဲတို့မှာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး ရဲဘော်များမှာမူ အထိခိုက်မရှိဟု ဆိုသည်။

“ကားပေါ်မှာ အုပ်ချုပ်ရေးမှူးနဲ့ရဲပဲ ပါတာပါ။ မုံရွာမြို့အဝင် နတ်လူထိပ္ပန်ရပ်ကွက်ရုံးကနေ မြို့ထဲကို သွားကြတာ။ အဲ့ကောင်တွေ ပစ်ခတ်မှုအပြီး စကစတွေ တန်းရောက်လာတယ်။ နာရေးကားရော ဆေးရုံအရောက်မှာပဲ နှစ်ကောင်လုံးဆုံးသွားကြတယ်ဗျ။”ဟု ကိုလင်းယုန်က ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါရပ်ကွက်ရုံးအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး အိမ်စီးကားများဖြင့်လည်း လှည့်လည်နေကြောင်း မြို့ခံအချို့က ပြောသည်။

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စက်တင်ဘာ ၃၀ ရက်ကလည်း မုံရွာမြို့နယ်၊ သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်တပ်ဂိတ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook