Connect with us

Hi, what are you looking for?

သတင်း

မုံရွာနမခအနီးရှိ စစ်​ကောင်စီဂိတ်ကို PDF များတိုက်ခိုက်

အဆိုပါစစ်ဆင်​ရေးကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂)၊ အမှတ်(၃)၊ Special Ranger Force-SRFနှင့် အားမာန်သစ် local PDF အဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မုံရွာမြို့ အနီး​တွေ့ရ​သော PDF များ။ဓါတ်ပုံ-​ပေးပို့)
(မုံရွာမြို့ အနီး​တွေ့ရ​သော PDF များ။ဓါတ်ပုံ-​ပေးပို့)

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးရှိ စစ်ကောင်စီ ရေအိုးစဉ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း Special Ranger Force-SRF အဖွဲ့​ခေါင်း​ဆောင်က​ပြောသည်။

ထိုစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ၂ ရက် ညနေ ၆နာရီနှင့် ၇နာရီ ခန့်တွင် ကာကွယ်ရေးအဖွဲ့ လေးဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ လက်နက်ကြီးထိမှန် ဒဏ်ရာရှိပြီးနောက် နောက်တစ်ရက်တွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုSpecial Ranger Forceထုတ်ပြန်သည်။

“ညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ပြီးတော့ မကျေနပ်သေးလို့ ညပိုင်းမှာလက်နက်ငယ်တွေနဲ့ ထပ်ပစ်ခဲ့တာပါ”ဟု SRFအဖွဲ့ ခေါင်းဆောင်ကပြောသည်။

လက်လုပ် ၆၀ မမ စိန်ပြောင်း (၄)ပြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရေအိုးစဉ် စစ်ဆေးရေးဂိတ်ကို ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ပစ်ခတ်စဉ် စစ်ကောင်စီဘက်က၄၀ မမ၊ ၆၀ မမ၊ ၁၀၅ မမတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟုသိရသည်။

ထိုနောက် ညပိုင်း ၇နာရီခန့်တွင် ထိုစစ်ဆေးရေးဂိတ်ကိုPDFများက လက်နက်ငယ်များ ထပ်မံဝင်ရောက်ပစ်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရှိသွားသည့် စစ်ကောင်စီတပ်သားများအနက်နှစ်ဦးသည် အောက်တိုဘာ၃ ရက်တွင် သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါစစ်ဆင်​ရေးကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂)၊ အမှတ်(၃)၊ Special Ranger Force-SRFနှင့် အားမာန်သစ် local PDF အဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။