Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် ကင်းမစောင့်လျှင်ကျပ်ငါးသောင်းတောင်းနေသည့် သီလုံးရွာပျူစောထီးစခန်းအား PDFများ တိုက်ခိုက်

Shwebo Federal Army SBFA အဖွဲ့က စခန်းသိမ်းနိုင်သည်အထိ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းလိုအပ်နေ၍ ပြည်သူများထောက်ပံ့ကူညီနိုင်ကြောင်း အသိပေးထားသည်။

(ကလေးမြို့နယ် လည်ကြီးရွာ၌ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)
(ကလေးမြို့နယ် လည်ကြီးရွာ၌ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်တပ်က ပြည်သူ့စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာပြည်သူများအား ကင်းမစောင့်လျှင် ကျပ်ငါးသောင်းတောင်းခံနေသည့် သီလုံးကျေးရွာမှ ပျူစောထီးများအား ဖုန်းဆက်သတိပေးပြီးနောက် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၄ ရက်) ည ၉ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ ပျူစောထီးစခန်းအား လက်နက်ငယ်များ၊ လက်လု​ပ်(၆၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shwebo Federal Army- SBFAအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ သီလုံးကျေးရွာနေ ပျူစောထီး ခေါင်းဆောင်ဇော်ဦးဆိုသူသည် ကျေးရွာနေ ပြည်သူများအား ဖိအားပေး ကင်းစောင့်ခိုင်းခြင်း၊ ကင်းမစောင့်နိုင်လျှင် ကျပ်ငါးသောင်း ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်း၊ ပြည်သူများ၏ ပစ္စည်းများအား အဓမ္မသိမ်းဆည်းခြင်း၊ တိမ်းရှောင်နေရသည့်ပြည်သူများ၏ လယ်ယာများအား အဓမ္မသိမ်းဆည်းခြင်းများ ပြုလုပ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“ပျူနဲ့ရဲ တစ်ရွာလုံး ၃၀ရှိတယ်။ စစ်သားကတော့ ပျူတွေထိန်းဖို့ ခုနစ်ယောက်လောက်ပဲရှိမယ်”ဟု SBFAအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သွားရောက်တိုက်ခိုက်ခြင်းမပြုမီ ပျူခေါင်းဆောင်ဇော်ဦးထံ ဖုန်းဆက်ပြီး သတိပေးခဲ့သည်ဟု မဟူရာရွှေဘိုသားအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူလုံခြုံရေး အဖွဲ့ Shwebo Federal Army SBFA ၊ဒေါင်းမာန် ၊ ရွှေဘိုစွန်ရဲ ၊ မဟူရာ ရွှေဘိုသား ၊EYE Fore EYE ၊ HG Fighter ၊ဗိုလ်မဟာ ၊ ဒေါင်းစစ်သည်၊ AhPal -7 ၊ MDF shwebo ၊ရွှေဘိုအားမာန်၊ မဟာမိတ်ဖြစ်သော ဗိုလ်လင်းရောင် (ဒပယ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Shwebo Federal Army SBFA အဖွဲ့က စခန်းသိမ်းနိုင်သည်အထိ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းလိုအပ်နေ၍ ပြည်သူများထောက်ပံ့ကူညီနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်