Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် တော်လှန်ရေးအနုပညာရံပုံငွေ ဖျော်ဖြေပွဲပြုလုပ်

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

(တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)
(တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် သပိတ်ကော်မတီဝင်များက ကျေးရွာများသို့သွားရောက်ပြီး တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

“ပျော်ရွှင်နေလို့ပြုလုပ်ရတဲ့ပွဲ မဟုတ်ပါ။တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ နိုင်ရာတာဝန်ကို ထမ်းရွတ်ရင်း စစ်ရှောင် မီးဘေးအစရှိသည့်နေရာတို့တွင် အသုံးပြုဖို့ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြောသည်။

အဆိုပါရံပုံငွေပွဲကို ကျေးရွာ တာဝန်ရှိသူများကန လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“အလှူငွေကတော့ တောဆိုတော့အဆင်ပြေသလောက်ပေါ့။ ပြည်သူတွေတော့ ခဏတာအပန်းပြေစေတယ်။ စစ်ကြောင်းတွေ မရှိရင်တော့ ဆက်လုပ်ဖို့ရှိသေးတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

ထို့အပြင် ပြည်သူတစ်ယောက်ချင်းစီအနေဖြင့်လည်း နိုင်ရာတာဝန်ကိုထမ်းရင်း တော်လှန်ရေးပန်းတိုင်ကိုရဲရဲလျှောက်လှမ်းပေးကြရန် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။