Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးတွင် တော်လှန်ရေးအနုပညာရံပုံငွေ ဖျော်ဖြေပွဲပြုလုပ်

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

(တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)
(တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် သပိတ်ကော်မတီဝင်များက ကျေးရွာများသို့သွားရောက်ပြီး တော်လှန်ရေးအနုပညာ ရံပုံငွေဖျော်ဖြေပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

“ပျော်ရွှင်နေလို့ပြုလုပ်ရတဲ့ပွဲ မဟုတ်ပါ။တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ နိုင်ရာတာဝန်ကို ထမ်းရွတ်ရင်း စစ်ရှောင် မီးဘေးအစရှိသည့်နေရာတို့တွင် အသုံးပြုဖို့ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြောသည်။

အဆိုပါရံပုံငွေပွဲကို ကျေးရွာ တာဝန်ရှိသူများကန လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

“အလှူငွေကတော့ တောဆိုတော့အဆင်ပြေသလောက်ပေါ့။ ပြည်သူတွေတော့ ခဏတာအပန်းပြေစေတယ်။ စစ်ကြောင်းတွေ မရှိရင်တော့ ဆက်လုပ်ဖို့ရှိသေးတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူတစ်ယောက်ချင်းစီအနေဖြင့်လည်း နိုင်ရာတာဝန်ကိုထမ်းရင်း တော်လှန်ရေးပန်းတိုင်ကိုရဲရဲလျှောက်လှမ်းပေးကြရန် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက တိုက်တွန်းထားသည်။