Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ​၏ သစ်တင်ရေယာဥ်များ သောင်တင်နေစဥ် တိုက်ခိုက်ခံရ

စစ်ကောင်စီရေယာဥ်များပေါ်၌ သစ်များအပြင် ပြည်သူများထံမှ လုယူလာသောပစ္စည်းများ၊ နွားများလည်း တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

(သောင်တင်ပြီး ကျန်ရစ်ခဲ့သော သစ်တင်ဖလပ်ရေယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Doe Lay)
(သောင်တင်ပြီး ကျန်ရစ်ခဲ့သော သစ်တင်ဖလပ်ရေယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Doe Lay)

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့မှ ချင်းတွင်းမြစ်းအတွင်း စုန်ဆင်းလာသည့် စစ်ကောင်စီ၏ သစ်တင်သင်္ဘောများ သောင်တင်နေစဥ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

ဖောင်းပြင်မြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်လာသည့် သစ်တင်ဖလပ်ရေယာဥ် ၇စီးအနက် တစ်စီးသည် အောက်တိုဘာ ၁၇ရက်က မော်လိုက်မြို့နယ်၊ သဝန်ရွာနှင့် မှုံကြီးကျေးရွာ ရေလက်ကြား၌ သောင်တင်ခဲ့သည်။

ကျန် ၆ စီးမှာ ဆက်လက်မစုန်ဆင်းဘဲ သဝန်၊ မှုံကြီးနှင့် တောင်ပေါက်ကျေးရွာအနီး၌ ကမ်းကပ်၍ စောင့်ဆိုင်းနေခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၀ရက် ညပိုင်းတွင် အဆိုပါ ရေယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများသည် သဝန်ကျေးရွာရောက်ရှိလာသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင်လည်း တောင်ပေါက်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်များအား ဒေသတွင်းPDFများက (၆၀) မမ၊ (၈၀) မမ၊ (၁၀၇) မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သစ်တင်သင်္ဘောတစ်စီး ပျက်စီးသွားကြောင်း၊ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ပြန်တင်သွားတဲ့ အလောင်းတွေလည်းရှိတယ်။ ကျန်နေခဲ့တဲ့ အလောင်းတွေလည်း ရှိတယ်။ စစ်သားအလောင်းအကောင်ဆိုရင် သယ်တယ်။ ပျူတွေဆိုရင် မသယ်ဘူး။”ဟု မော်လိုက်ဒေသခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“မနေ့က သောင်တင်နေတဲ့ သစ်ဖလပ်ကိုပစ်ထားခဲ့ပြီး ကျန် ငါးစီးနဲ့ မီးလောင်နေတဲ့ ဖလပ်နောက်တွန်း တစ်စီး စုစုပေါင်း ခြောက်စီးဟာ မော်လိုက်မြို့ကို ရောက်တယ်။ ဒီနေ့မနက်တော့ မော်လိုက်မြို့ကနေ စုန်သွားပါပြီ။ ဒေသခံကာကွယ်ရေးအဖွဲ့များနဲ့ ပြည်သူများဘေးကင်းတယ်လို့ သိရပါတယ်။”ဟု ဒေသတွင်းPDF နှင့် နီးစပ်သည့်ဒေသခံက ပြောသည်။

ယင်းတိုက်ခိုက်မှုကို MLPDF(မော်လိုက် – ပကဖ)နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မော်လိုက် (ပကဖ) ထံ ဆက်သွယ်မေးမြန်းရန် ဆက်သွယ်ရာ လက်တလောဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီရေယာဥ်များပေါ်၌ သစ်များအပြင် ပြည်သူများထံမှ လုယူလာသောပစ္စည်းများ၊ နွားများလည်း တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရေယာဉ်အုပ်စုကြောင့် ချင်းတွင်းမြစ်ဘေးရှိ ခဝဲ၊ခါတွန်၊သဝန်၊မှုံကြီး၊ယူးဝ၊ဝါးရုံသာ၊အင်ကုန်း၊ပန်းသာ၊တပ်ကုန်းစသည့် ကျေးရွာများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။