Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ဒဏ်ရာရပြီး နာရေးကားများဖြင့် ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု မြေပြင်ရှိသူများက အတည်ပြုကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

(တိုက်ပွဲအတွင်း စစ်ကောင်စီတ​ပ်အား တိုက်ခိုက်နေသောရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)
(တိုက်ပွဲအတွင်း စစ်ကောင်စီတ​ပ်အား တိုက်ခိုက်နေသောရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ရက်သတ္တပတ်ကြာ စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ ထိခိုက်မှုများကြောင်း သပိတ်ကျင်းမြို့နယ်(ပကဖ)၊ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၃ ရက်မှ ၂၁ရက်အထိ ရက်တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အောက်တိုဘာ ၁၅ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က သပိတ်ကျင်းရှိ တတက(၁၃) လေ့ကျင့်ရေးတပ်မှ အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် တပ်စိပ်များခွဲကာ အင်အားဖြန့်ပြီး စစ်ကြောင်းထိုးလာခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းအား လက်ပံကုန်းကျေးရွာအနီးတွင် ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် ဒဏ်ရာရပြီး နာရေးကားများဖြင့် ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု မြေပြင်ရှိသူများက အတည်ပြုကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

အောက်တိုဘာ ၁၇ ရက်ကလည်း ​အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ရေယဥ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ် ထိခိုက်မှုများ၍ ရေယဥ်ကျေးရွာ နေအိမ်များ မီးရှိ့ဖျက်ဆီးသွားကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“နေ့တိုင်းဖြစ်တယ်။ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်လောက်ဖြစ်ခဲ့တာ။ ဖြစ်တာက နေရာအစုံပဲ။မြို့နယ်(ပကဖ) အဖွဲ့တွေ အားလုံးဝိုင်းဆော်ကြတာ။ အခုတော့ တကောင်းတိုက်နယ်ထဲရောက်သွားပြီ။”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook