Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ရှိ အောင်သပြေစစ်ကြောရေးရဲဝင်းနှင့် မြဝတီဘဏ်တို့ တိုက်ခိုက်ခံရ

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ ကင်းလှည့်နေသော စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ ကင်းလှည့်နေသော စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေစစ်ကြောရေးရဲတပ်ဖွဲ့ဝင်းနှင့် တောင်ဥက္ကလာမြို့နယ်ရှိ မြဝတီဘဏ်တို့ကို အဝေးထိန်းမိုင်းဖြင့် ယနေ့ (အောက်တိုဘာ ၂၆) ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ည ၇ နာရီခန့်နှင့် ၇ နာရီခွဲကျော်တို့တွင် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်း အဝင်ဂိတ်ပေါက်ဝရှိ ဘန်ကာနှင့် အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာမြို့နယ်ရှိ မြဝတီဘဏ်တို့ကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ပြောသည်။

ပျူစောထီးများ စစ်သင်တန်းပေးနေသည့် အောင်သပြေရဲဝင်း အဝင်ဂိတ်ပေါက်ဝ ဘန်ကာကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ရာ တစ်လုံးသာ ပေါက်ကွဲပြီး တစ်လုံးမှာ ချို့ယွင်းချက်ဖြစ်၍ မပေါက်ကွဲခဲ့ကြောင်း အနောက်ပိုင်းခရိုင်(ပကဖ)က ဆိုသည်။

“ ည ၇ နာရီခွဲလောက်တုန်းက အုန်းဆိုတဲ့ အသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရတယ်။ (၈)မိုင်တို့ ကျိုက်ဝိုင်းဘုရားဘက်တို့ကတောင် ကြားရတယ်။ အောင်သပြေရဲဝန်းထဲမှာ ဗုံးပေါက်တာလို့တော့ သိရတယ်။ စစ်ကားတွေရော ရဲဆိုင်ကယ်တွေရော ကျိုက်ဝိုင်းဘုရားဘက်မှ သမိုင်းလမ်းဆုံဘက်သွားနေတာ တွေ့နေရတယ်။ လူထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး။ အောင်သပြေခြံဝန်းတစ်ခုလုံးတော့ ပြာယာခတ်နေတယ်။ ပြည်သူတွေ အဲဒီ့ဘက်သွားတာရှောင်သင့်တယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

ထို့အပြင် တောင်ဥက္ကလာမြို့နယ် မြဝတီဘဏ်ကို တိုက်ခိုက်ခဲ့သော Mission တွင် ဘဏ်လုံခြုံရေးယူနေသော စစ်သားတစ်ဦး သေဆုံးပြီး အချို့ ထိခိုက်မှုရှိနိုင်ဟု ဆိုသည်။

“ အောင်သပြေခြံဝန်းတစ်ခုလုံးပြာယာခတ်နေတယ်။ပြည်သူတွေ အဲဒီ့ဘက်သွားတာရှောင်သင့်တယ်” ဟု မရမ်းကုန်းမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြ၀တီမြို့တစ်မြို့လုံးကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားနိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေအတွင်း လူငယ်တွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာက ကျားဖြန့် လုပ်ငန်း နာမည်ထွက်ရာ နေရာတွေကို စစ်တပ်က ထပ်မံ စီးနင်းမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပါအဝင်မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်း​ထွက်​ပြေးနေကြပါတယ်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်မှာကျားဖြန့်လို့လူသိများတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park စီမံကိန်းဝင်းထဲက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားအချို့ ဟာ ကရင့်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလ်မြို့သစ်ဆီ တိမ်းရှောင်နေကြတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။