Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းမြို့နယ်တွင် ဗိုလ်မှူးဟောင်းလင်မယား ပစ်ခတ်ခံရပြီး သေဆုံး

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သေဆုံးခဲ့သည့် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းအား တွေ့ရစဉ်)
(သေဆုံးခဲ့သည့် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းအား တွေ့ရစဉ်)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၂၅) နံနက်ပိုင်းက ဗိုလ်မှူးဟောင်းလင်မယားအား တော်လှန်ရေးရဲဘေယ်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် UGအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ဗိုလ်ဟောင်းလင်မယားအား ပစ်ခတ် ရှင်းလင်းသည့် စစ်ဆင်ရေးနှင့်စပ်လျဥ်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းက သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် UG ရဲဘော် တစ်ဦးက ပြောသည်။

လက်ဘက်ရည်ဆိုင်အနီးပစ်ခတ်ခံရ၍ သေဆုံးသွားသော ဗိုလ်မှူးဟောင်း ကျော်မင်းသန်းသည် ပြီးခဲ့သည့် ၂၀၁၈တွင် စစ်တပ်စစ်တပ်မှ အငြိမ်းစားယူထား သူဖြစ်ပြီး ၎င်း၏ဇနီး ဒေါ်စောမွန်မြတ်မှာ လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ လဝကဝန်ထမ်းတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

အထက်ဖြစ်စဥ်ပါ ဗိုလ်မှူးဟောင်းကျော်မင်းသန်းနှင့်ပတ်သက်ပြီး မရမ်းကုန်းဒေသခံများ၏ ပြောဆိုမှုအရ ၎င်းသည် စစ်ကောင်စီတပ်နှင့် တိုက်ရိုက် အဆက်အသွယ်ရှိသူတစ်ဦးဖြစ်ပြီး ရန်ကုန်အခြေစိုက်တော်လှန်ရေးရဲဘော် UGများအား ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးဟု သိရသော်လည်း ယင်းအချက်အား People’s Springက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook