Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မရမ်းကုန်းမြို့နယ်တွင် ဗိုလ်မှူးဟောင်းလင်မယား ပစ်ခတ်ခံရပြီး သေဆုံး

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သေဆုံးခဲ့သည့် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းအား တွေ့ရစဉ်)
(သေဆုံးခဲ့သည့် ဗိုလ်မှူးဟောင်း ကျော်မင်းသန်းအား တွေ့ရစဉ်)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၂၅) နံနက်ပိုင်းက ဗိုလ်မှူးဟောင်းလင်မယားအား တော်လှန်ရေးရဲဘေယ်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် UGအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

ယနေ့နံနက် ၈နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်အတွင်းနေထိုင်သည့် စစ်တပ်အရာရှိ ဗိုလ်မှူးဟောင်း ကျော်မင်းသန်းနှင့် ၎င်း၏ဇနီး စောမွန်မြတ်ဆိုသူ လင်မယားနှစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ဗိုလ်ဟောင်းလင်မယားအား ပစ်ခတ် ရှင်းလင်းသည့် စစ်ဆင်ရေးနှင့်စပ်လျဥ်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းက သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် UG ရဲဘော် တစ်ဦးက ပြောသည်။

လက်ဘက်ရည်ဆိုင်အနီးပစ်ခတ်ခံရ၍ သေဆုံးသွားသော ဗိုလ်မှူးဟောင်း ကျော်မင်းသန်းသည် ပြီးခဲ့သည့် ၂၀၁၈တွင် စစ်တပ်စစ်တပ်မှ အငြိမ်းစားယူထား သူဖြစ်ပြီး ၎င်း၏ဇနီး ဒေါ်စောမွန်မြတ်မှာ လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ လဝကဝန်ထမ်းတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

အထက်ဖြစ်စဥ်ပါ ဗိုလ်မှူးဟောင်းကျော်မင်းသန်းနှင့်ပတ်သက်ပြီး မရမ်းကုန်းဒေသခံများ၏ ပြောဆိုမှုအရ ၎င်းသည် စစ်ကောင်စီတပ်နှင့် တိုက်ရိုက် အဆက်အသွယ်ရှိသူတစ်ဦးဖြစ်ပြီး ရန်ကုန်အခြေစိုက်တော်လှန်ရေးရဲဘော် UGများအား ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်သူတစ်ဦးဟု သိရသော်လည်း ယင်းအချက်အား People’s Springက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။