Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အွန်လိုင်းကာစီနိုအတွက် ခိုင်းစေခံနေရတဲ့ လူမှောင်ခိုမှု သားကောင် မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကယ်ဆယ်

ဖိလစ်ပိုင် အစိုးရက ပြည်တွင်းမှာ အခြေစိုက် လုပ်ကိုင်လာတဲ့ တရားမဝင် အွန်လိုင်း ကာစီနိုတွေနဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု ကွန်ရက်တွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြိုခွင်းဖို့ ပျက်ကွက်နေကြောင်း စွပ်စွဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့နောက် အခုလို တုံ့ပြန်လာတာပါ။

အွန်လိုင်း ကာစီနို တစ်ခုမှာ ခိုင်းစေဖို့ လူမှောင်ခိုသမားတွေရဲ့ လှည့်ဖျား ခေါ်ဆောင်မှုကို ခံခဲ့ရသူ နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၆ ရက် ညပိုင်းက ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဟာ မနီလာ မြို့တော်က အဆောက်အအုံတချို့ စုစည်းထားရာ ခြံဝင်းကြီး တစ်ခုကို ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့ပြီး လူမှောင်ခို ဒုစရိုက်ဂိုဏ်းသားတွေကို ရှာဖွေခဲ့ပါတယ်။ ရဲတွေ ကယ်ထုတ်လာတဲ့ထဲမှာ မြန်မာတွေအပြင် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ အာရှ၊ ဗီယက်နမ်၊ မလေးရှားနဲ့ စင်ကာပူ နိုင်ငံသားတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ အဲဒီ စီးနင်းမှုတွေအတွင်း လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့ သံသယရှိသူ ၂၇၀၀ ကျော်ကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲမှာ ဖိလစ်ပိုင် နိုင်ငံသား ၁၅၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

အွန်လိုင်းကာစီနိုအတွက် ခိုင်းစေခံနေရတဲ့ လူမှောင်ခိုမှု သားကောင် မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကယ်ဆယ်
အွန်လိုင်းကာစီနိုအတွက် ခိုင်းစေခံနေရတဲ့ လူမှောင်ခိုမှု သားကောင် မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကယ်ဆယ်

လူမှောင်ခို ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်ခဲ့သူတွေရဲ့ ထွက်ချက်တွေနဲ့ သံသယရှိသူတွေကို တိုက်ဆိုင် စစ်ဆေးပြီး တရားခံတွေကို ဖော်ထုတ်သွားနိုင်ဖို့ ကြိုးစားနေကြောင်း ရဲတပ်ဖွဲ့ရဲ့ ဆိုင်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗိုလ်ကြီး မစ်ရှဲလ် ဆာဘီနိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင် အပါအဝင် အာရှ-ပစိဖိတ် ရပ်ဝန်းမှာ အွန်လိုင်းကနေတဆင့် လူမှောင်ခိုမှု သားကောင်တွေကို လှည့်ဖျား စည်းရုံးတဲ့ ဂိုဏ်းဂဏ လှုပ်ရှားမှုတွေ ထူထပ်လာတာကို နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်နေပါတယ်။

အခု ကယ်ဆယ်ရရှိထားတဲ့ သူတွေကတော့ အွန်လိုင်း ကာစီနိုတွေမှာ ပါဝင်ကစားလာမယ့် ဖောက်သည်တွေကို ဆွယ်ပေးဖို့ နေ့စဉ် ၁၂ နာရီလောက် အချိန်ပြည့် အလုပ်လုပ်ဖို့ ခိုင်းစေ ခံရလေ့ ရှိတယ်လို့ သိရပါတယ်။ အဲဒီအတွက် လုပ်ခလစာကတော့ ပီဆိုငွေ ၂၄၀၀၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၄၃၀ ကျော်လောက်သာ ရရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲဒီ လူမှောင်ခိုမှုကူး ခံရတဲ့ နိုင်ငံခြားသားတွေဟာ သူတို့ကို ထားရှိရာ နေရာ အဆောက်အအုံတွေကနေလည်း အပြင်ထွက်ခွင့် မရကြပါဘူး။

အခုဖြစ်စဉ်ဟာ ဖိလစ်ပိုင်နိုင်ငံ သမိုင်းမှာ လူမှောင်ခိုမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အကြီးကျယ်ဆုံး စစ်ဆင်ရေး တစ်ခုလို့တောင် သတ်မှတ်နိုင်ကြောင်း ဆာဘီနိုက ဆိုပါတယ်။ ဆာဘီနိုက လူမှောင်ခိုကူး ခံရတဲ့ ဝန်ထမ်းတွေထဲမှာတောင် တရားမဝင် အွန်လိုင်း ကာစီနို လုပ်ငန်းတွေမှာ ပါဝင်ကြီးကြပ်သူတွေ ရှိနိုင်ပြီး အားလုံးကို တိတိကျကျ ဖော်ထုတ် စစ်ဆေးသွားမယ်လို့ ပြောကြားသွားပါတယ်။

မေလတုန်းကလည်း ဖိလစ်ပိုင် အာဏာပိုင်တွေဟာ အာရှနိုင်ငံ တချို့ကနေ လူမှောင်ခို တင်သွင်းခံရပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံနေရသူ နိုင်ငံခြားသား ၁၀၀၀ ဝန်းကျင်ကို ကယ်ဆယ်ခဲ့ရဖူးပါတယ်။

ဖိလစ်ပိုင် အစိုးရက ပြည်တွင်းမှာ အခြေစိုက် လုပ်ကိုင်လာတဲ့ တရားမဝင် အွန်လိုင်း ကာစီနိုတွေနဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု ကွန်ရက်တွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြိုခွင်းဖို့ ပျက်ကွက်နေကြောင်း စွပ်စွဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့နောက် အခုလို တုံ့ပြန်လာတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်အတွက် လူကုန်ကူးမှု အစီရင်ခံစာမှာ ဖိလစ်ပိုင်ဟာ ပြည်တွင်းက လုပ်အားမှောင်ခို ရာဇဝတ်မှုတွေကို အင်တိုက်အားတိုက် ဖြိုခွင်းဖို့ ပျက်ကွက်နေကြောင်း အတိအလင်း ထောက်ပြထားခဲ့ဖူးပါတယ်။ ဒီလို ပျက်ကွက်မှုတွေရဲ့ အဓိက အကျဆုံး အကြောင်းရင်းကတော့ အဂတိ လိုက်စားမှုတွေအပြင် တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတွေထဲက တချို့ပါ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေနိုင်တာကြောင့် ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။