Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တိုက်ပွဲ စစ်တပ်​သေဆုံးသူများ၍ ​လေ​ကြောင်းမှတိုက်ခိုက်

ညောင်ပင်သာနှင့် ဒိုးပင်ရွာကြားမှ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကို KIA၊PDFပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ထီးချိုင့်မြို့နယ်မှ PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CJ)
(ထီးချိုင့်မြို့နယ်မှ PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CJ)

ထီးချိုင့်မြို့နယ် မင်းဝံတောင်ရိုး၌ ယနေ နေ့လယ်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်၌ သေဆုံးသူများပြားခဲ့ပြီး အထိနာ​သော​ကြောင့် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်​ကြောင်း သတင်းရရှိသည်။

“မင်းဝံတောင်ရိုးက ညောင်ပင်သာနဲ့ ဒိုးပင်ကြားမှာ ချတာ။ စကစကဘက်က တော်တော်လေး သေတယ်။ လေကြောင်းက‌နေ ဟတ်စကီးနဲ့ရော သုံးကြိမ်ပစ်သွားတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ညောင်ပင်သာနှင့် ဒိုးပင်ရွာကြားမှ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကို KIA၊PDFပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၉နာရီခန့်မှ ညနေ ၃နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းလုံး မြေပြင်၌ ပိတ်မိသွား၍ လေကြောင်းမှ လာတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယင်းနေရာသို့စစ်ကူလာသည့် ခြေလျင်စစ်ကြောင်းကိုလည်း ထီးချိုင့်မြို့ ကြက်သွန်ခင်းရွာအနီးတွင် KIA၊PDFပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ယ‌နေ့ ထီးချိုင့်တိုက်ပွဲ၌ စစ်ကောင်စီဘက်တွင် ၃၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်က ​ပြောသည်။ ယ​နေ့ည​နေပိုင်းတွင်လည်း.စစ်တပ်က တိုက်​လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်​ကြောင်းသိရသည်။

ထီးချိုင့်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက် ညနေက လမ်းမပေါ် ဆိုင်ကယ်များဖြင့်ထွက်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကိုKIA၊PDFပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။

အောက်တိုဘာလ ၁၃ရက်နံနက်ကလည်း ထီးချိုင့်မြို့နယ် ပျဉ်းစုရွာအနီးတွင် အင်အား ၁၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကိုKIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီဘက်မှာ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ရသည်။ပြီးခဲ့သည့် ဩဂုတ်လ၂၀ရက်ရက်နှင့် ဩဂုတ်လ၂၁ရက်က ထီးချ်ိုင့်မြို့နယ်၊ကွင်းကြီးရွာအနီး တိုက်ပွဲတွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီ တပ်ခွဲမှူးတစ်ဦးအရှင်ဖမ်းမိခဲ့သည်။

” ဒီနေ့ ရှမ်းမြောက်စစ်ဆင်ရေးက ကျတော်တို့ကို မိုတီရစေတယ်။ အောင်ပွဲအတွက် ကျတော်တို့အသင့်ရှိနေတယ် ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက‌ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။