Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံ​ရောက်စစ်​ကောင်စီတပ်အချို့ ရှမ်း​မြောက်သို့ ပြန်သွား

ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်စပ်ရှိတောင်မဲသင်းရွာတွင် စစ်ကောင်စီက ​အောက်တိုဘာလ ဒုတိယပါတ်ကစ၍ အင်အား ၄၀၀ဖြင့် တပ်ဖြည့်ကာ ရောက်ရှိလာခြင်းဖြစ်သည်။

ဖယ်ခုံ​ရောက်စစ်​ကောင်စီတပ်အချို့ ရှမ်း​မြောက်သို့ ပြန်သွား
ဖယ်ခုံ​ရောက်စစ်​ကောင်စီတပ်အချို့ ရှမ်း​မြောက်သို့ ပြန်သွား

ကရင်နီ(ကယား)ပြည်နယ်ကိုစစ်ကြောင်းထိုးရန် ဖယ်ခုံ နယ်စပ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်ကူအဖြစ် သွား​နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က People’s Spring သို့ ပြော သည်။

ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်စပ်ရှိတောင်မဲသင်းရွာတွင် စစ်ကောင်စီက ​အောက်တိုဘာလ ဒုတိယပါတ်ကစ၍ အင်အား ၄၀၀ဖြင့် တပ်ဖြည့်ကာ ရောက်ရှိလာခြင်းဖြစ်သည်။

“မနေ့က(အောက်တိုဘာ ၂၈ ရက်) နေ့လယ်ပိုင်းလောက်က ကားခြောက်စီးနဲ့ PNO(ပအိုဝ်းပြည်သူ့စစ်)က ကားတွေလည်းပါတယ်။ တောင်ကြီး ကို ပြန်တက်ရမယ်ဆိုပြီး ထွက်သွားတာ”ဟု ပင်လောင်းမြို့ခံတစ်ဦးက ​ပြောသည်။

ထို့အတူ တောင်မဲသင်းကျေးရွာတွင် အထိုင်ချတပ်စွဲရန်ရောက်ရှိပြီး ယခု ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ရင်းများအနက် ရှမ်းပြည်နယ်မြောက်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၂) နှင့် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းများပါဝင်နေသည်ဟု ဖယ်ခုံအခြေစိုက် စစ်ရေးသတင်းရင်းမြစ်အချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင် တုန်းကမိုးဗြဲဘက်ခြမ်း တိုက်ပွဲတွေအရ ဖယ်ခုံ ဘက်က ဆင်းလာတဲ့ တပ်နဲ့ သူတို့ဆီက သိမ်းမိတဲ့ လက်နက်တွေအရ တပ်မ ၃၃ က စဝင်နေပြီ။နောက် စကခ ၁၂ အောက်က ရင်းတချို့ပါ တယ်။အခုလည်း သတင်းတွေအရ သူတို့ ဖယ်ခုံ နဲ့ မိုးဗြဲ ဘက်ကို PNO နဲ့ ပေါင်းပြီး အလုံးစုံထိန်းချုပ်ဖို့ ဝင်လာတာပဲ။ဒါပေမယ့် မြောက်ပိုင်းအခြေအနေ ကြောင့် သူတို့ကို ပြန်ခေါ်တာလို့ မြင်တယ်”ဟု ၎င်းကသုံးသပ်သည်။

ပင်လောင်း နှင့်တောင်မဲသင်းတွင် စစ်ကောင်စီတပ် သားများ ပြန်လည်ဆုတ်ခွာခြင်း ရှိ၊မရှိကိုမူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမူ သဘောထားမှတ်ချက်မပေးသေပေ။

“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပင်လောင်းမှာ အင်အား ၁၀၀၊ တောင်မဲသင်းမှာ အင်အား ၃၀၀ ဝန်ကျင် နဲ့ စကစ ဘက်ကအင်အားတိုးရောက်လာတာရှိတယ်။ကျွန်တော်တို့ သီး ခြား ရထားတဲ့ သတင်းအ ချက်တွေအရ ဆို ကရင်နီကို စစ်ထိုးမယ်ဆိုတာမျိုးပေါ့။အခုသူတို့ပြန်ဆုတ်သွားတယ်ဆိုတာမျိုးကိုတော့ မှတ်ချက်မပေးလိုသေးဘူး”ဟု ဖယ်ခုံ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦက ပြောသည်။

ရှမ်းပြည်နယ် ​မြောက်ပိုင်းတွင် ​အောက်တိုဘာ ၂၇ ရက်မနက်အ​စောမှ စ၍ ​မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ဆင်​ရေး ၁၀၂၇ အဖြစ် စစ်​ကောင်စီ တပ်စခန်းများစွာကိုဆင်တိုက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်​နေသည်။ စစ်​ကောင်စီတပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြု တုံ့ပြန်​နေပြီး စစ်ကူကားတန်းမှာ ​အောက်တိုဘာ ၂၇ ရင်တွင် ရပ်​စောက်မှ ထွက်လာ​နေဆဲဖြစ်​ကြောင်းသိရသည်။ထိုအပြင် စစ်တပ်က တပ်မ ၃၃ နှင့် ၅၅ ကို စစ်ကူပို့ရန် စီစဥ်​နေ​ကြောင်းသတင်းရရှိသည်။က​လောအ​ခြေစိုက် တပ်မ ၅၅ ​လောက်​အောက်ရှိ စစ်တပ်မှာ ကရင်နီ ​ဒေဒသတိုက်ပွဲများသို့စစ်ကူသွားရင်း ကရင်နီတပ်များ၏ တိုက်ခိုက်မှု​ကြောင့် အရာရှိများအဝသ်အဝင် ​သေဆုံးထိခိုက်မှုများကာ အထိနာခဲ့​​သောတပ်မဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။