Connect with us

Hi, what are you looking for?

သတင်း

မင်းလှမြို့နယ်မှ တပ်သားသစ်စုစောင်းရေးတာဝန်ခံ ဗိုလ်ကြီးမျိုးဆန်းဝင်း ပစ်သတ်ခံရ

ပစ်ခတ်ရှင်းလင်းခြင်းခံရသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမျိုးဆန်းဝင်းသည် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအခြေစိုက် ခလရ(၁)မှ ဖြစ်ပြီး မင်းလှမြို့ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ(၂)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရသည်။

(အသတ်ခံရသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းအား တွေ့ရစဉ်)
(အသတ်ခံရသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းအား တွေ့ရစဉ်)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်သားသစ်စုစောင်းရေးတာဝန်ခံ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မျိုးဆန်းဝင်းဆိုသူကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၉)နံနက် ၈ နာရီ ၄၅မိနစ်ခန့်က မင်းလှမြို့နယ် စစ်သားစုစောင်းရေးရုံးတာဝန်ခံ စစ်ကောင်စီတပ်ဗိုလ်ကြီး မျိုးဆန်းဝင်းအား ဇရစ်ချောင်းကျေးရွာနှင့် ချောင်းနားကျေးရွာကြား၌ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ (၂)နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ပူးပေါင်းပြီး သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့​ခြင်း ဖြစ်သည်။

“မျိုးဆန်းဝင်းကို ဇရစ်ချောင်းနဲ့ ချောင်းနားကြားမှာ သေနတ်ကျည်ငါးချက် နဖူးတစ်ချက်၊ ရင်ဘတ်ရှေ့နောက်လေးချက်ပစ်လိုက်တာပါ။ ပြည်သူတွေကို အရမ်းဒုက္ခပေးတဲ့ကောင်၊ သူက ဖမ်းဆီးငွေတောင်းတယ်။ ပျူအဖွဲ့တွေဖွဲ့ဖို့ စည်းရုံးတယ်။ ဒါ့ကြောင့်ရှင်းလိုက်တာ”ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမျိုးဆန်းဝင်းဆိုသူသည် စစ်ကောင်စီတပ်အတွတ် လူသစ်စုစောင်းပေးခြင်း၊ မင်းလှမြို့နယ်အတွင်း ပျူစောထီးအဖွဲ့များဖွဲ့စည်းရန် လိုက်လံစည်းရုံးခြင်း၊ အကြောင်းအမျိုးမျိုးပြကာ ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ကို ရှင်းပြီးတော့ (ပါရှိပစ္စည်းသိမ်းဆည်းရန်) အချိန်မရလိုက်ဘူး။ လပြည့်နေ့ဆိုတော့ လမ်းသွားလမ်းလာလူတွေများလို့ ဒီတိုင်းထားခဲ့ရတယ်”ဟု အထက်ပါ စစ်ရေးလှုပ်ရှား မှုနှင့်ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂)မှ ပြန်ကြားရေးတာဝန်ခံ ရဲ ဘော် လော်ရှိန်းက People’s Spring သို့ ပြောသည်။

ပစ်ခတ်ရှင်းလင်းခြင်းခံရသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမျိုးဆန်းဝင်းသည် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအခြေစိုက် ခလရ(၁)မှ ဖြစ်ပြီး မင်းလှမြို့ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ(၂)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။