Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက​ပြည်တွင်းလေယာဥ်စီးခရီးသည်များ၏လာသည့်၊ သွားမည့်​နေရာကိုယ်​ရေးအချက်အလက်များစတင်​တောင်းခံ

ရန်ကုန်လေဆိပ် ၏ ကြေညာချက်အရ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါမည့် ခရီးသည်များကို ထွက်ခွာရာ​နေရာ Departure နှင့် ဆိုက်​ရောက်ရာ​နေရာ ကိုယ်​ရေးအအချက်အလက်များဖြည့်ရ​သောCard များ ဖြည့်ရတော့မည်ဟုဆိုသည်။

(စစ်​ကောင်စီလက်​အောက်ရှိ မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း(MNA)မှ ​လေယာဥ်တစ်စီး ။ဓါတ်ပုံ-MNA)
(စစ်​ကောင်စီလက်​အောက်ရှိ မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း(MNA)မှ ​လေယာဥ်တစ်စီး ။ဓါတ်ပုံ-MNA)

ရန်ကုန်နှင့် မန္တလေး သို့ ပျံသန်းမည့် လေကြောင်း ခရီးစဥ်များတွင် လိုက်ပါစီးနင်းမည့်ခရီးသည်များမှာ ထွက်ခွာရာ​နေရာနှင့် ဆိုက်​ရောက်မည့်​နေရာများနှင့်ပတ်သပ်​သော ကိုယ်​ရေးအချက်အလက်များကို ယ​နေ့မှစ၍ ဖြည့်သွင်းရ​တော့မည်ဟု စစ်ကောင်စီက သတ်မှတ်​တောင်းဆိုလိုက်သည်။

ရန်ကုန်လေဆိပ် ၏ ကြေညာချက်အရ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါမည့် ခရီးသည်များကို ထွက်ခွာရာ​နေရာ Departure နှင့် ဆိုက်​ရောက်ရာ​နေရာ ကိုယ်​ရေးအအချက်အလက်များဖြည့်ရ​သောCard များ ဖြည့်ရတော့မည်ဟုဆိုသည်။

“ပြည်ပ နိုင်ငံတစ်ခုကို သွားရတဲ့ ပုံစံဖြစ်သွားတာပေါ့ ။Passport မပါတာတစ်ခုပဲ ဖြစ်သွားမယ်။ဒါကလေ ကြောင်းလုံခြုံရေးနဲ့လူအဝင်အထွက်ကိုသေချာစိစစ်တဲ့ ပုံစံပဲ။လုံခြုံရေးတင်းကြပ်တယ်လို့ပြောလို့ရတယ်”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန် ထမ်းဟောင်းတစ်ဦးကပြောသည်။

သို့​သော် ရန်ကုန်အခြေစိုက် အဆင့်မြင့်ဆက်သွယ်ရေးတပ်မှ CDM ဝင်ရောက်ခဲ့သည့် တပ်ကြပ်ဟောင်း ကိုသူရ ကမူ”အခုလို ရန်ကုန် နဲ့ မန္တလေး လေကြောင်းခရီးစဥ်ကိုပါ လုံခြုံရေးတင်ကြပ်ပုံအရ ကြားရတဲ့သတင်းက ပို ဖြစ်နိုင်တယ်။ဘာလဲဆိုတော့ တပ်တွင်းထွက်ပြေးမှု တွေ သူတို့(စစ်ကောင်စီ)က အဘက်ဘက်က တားနေရပြီဆိုတာပဲ။ရှမ်းမြောက်အခြေအနေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆို တပ်တွင်းစိတ်ဓာတ်ပြိုဆင်းနေပြီ။သူတို့လော်ဘီတွေ ဘယ်လောက်လုပ်လုပ် အောက်ခြေ ကသိနေကြပြီ”ဟု People’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

​မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ၏ စစ်ဆင်​ရေး ၁၀၂၇ ထိုးစစ် ၊KIA အပါအဝင်​တော်လှန် ​ရေးအဖွဲ့များ၏ တိုက်ခိုက်မှု​ကြောင့်ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စစ်စခန်း​ပေါင်း ၉၀ ခန့်အသိမ်းခံရသလို ၊မြို့အချို့ကိုပါ​တော်လှန်​ရေးအဖွဲ့များက သိမ်းယူနိုင်ခဲ့၍ စစ်သားမိသားစုနှင့် စစ်​ကောင်စီ ဝန်ထမ်းမိသားစုများ​နေရာ​ပြောင်း​ရွေ့ခြင်း ၊ထွက်​ပြေးခြင်းများ ပြုလုပ်​နေကြ​ကြောင်းသတင်းများကျယ်ပြန့်စွာထွက်​ပေါ်လာပြီး​​နောက်စစ်​ကောင်စီက ​လေယာဥ်စီး ခရီးသည်များ လာသည့် ၊သွားမည်​နေရာ အချက်အလက်များကို ဖြည့်သွင်း​စေကာ​တောင်းယူလာခြင်းဖြစ်သည်။ထို​ကြောင့် စစ်သားမိသားစုနှင့် စစ်​ကောင်စီ ဝန်ထမ်းမိသားစုများထွက်​ပြေးခြင်း၊​ပြောင်း​ရွေ့​နေကြခြင်းအသတင်းများမှာ ယခုထုတ်ပြန်ချက်​ကြောင့် မှန်ကန်ရန် ပိုများသွားပြီဟုကိုသူရက​သုံးသပ်ပြောကြားသည်။

စစ်​ကောင်စီ၏ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန် ကြားချက်အရ ယနေ့ (နိုဝင်ဘာ ၁ ရက်)ကစ၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် Arrival နှင့် Departure Card များအား မဖြစ်မနေ ဖြည့်စွက်ရမည်ဟုဆိုသည်။

ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာခရီးသည်များ အနေဖြင့် Departure Card (ထွက်ခွာပုံစံ) နှင့် မန္တလေးမှ ရန်ကုန်သို့ ဆိုက်ရောက် ခရီးသည်များ အနေဖြင့် Arrival Card (ဆိုက်ရောက်ပုံစံ) များအား ဖြည့်စွက်ရမည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အပြင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တရားဝင်ခရီးသွားစာရွက်စာတမ်း အ ပြည့် အစုံကို ယူဆောင်လာရန်လည်း သတိပေး ထားသည်။

၁၀၂၇ စစ်ဆင်​ရေးထိုးစစ်​အတွင်း ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ စစ်​ကောင်စီရုံးများမှာ ရုံးဆိုင်းဘုတ်များဖြုတ်ချခြင်း၊ဝန်ထမ်းများကို အိမ်ရာများတွင်မ​နေခိုင်း​တော့ဘဲ တံခါးများပိတ်ထားခြင်း ၊စစ်​ကောင်စီဝန်ထမ်းများလည်းရုံမတက်ကြ​တော့ခြင်း စသဖြင့် ​ ပုံစံမျိုးစုံဖြင့် ပြုလုပ်​နေသည်။ ၁၀၂၇ ထိုးစစ်နှင့် ကျန်​ဒေသအနှံတွင်လည်း​တော်လှန်​ရေးအင်အားစုများ၏ တိုက်ခိုက်မှု​ကြောင့် စစ်သားမိသားစုနှင့် စစ်​ကောင်စီဝန်ထမ်းများ ယခုရက်ပိုင်း စိုးရိမ်ပူပန်မှုများ​နေပြီး စိတ်ဓါတ်ကျဆင်း​​နေကြ​ကြောင်း စစ်တပ်နှင့်နီးစပ်သူအချို့က​ပြောသည်။ထိုအပြင် စစ်တပ်က္ကသိုလ်အများစုရှိ​သော ပြင်ဦးလွင်သို့​တော်လှန်​ရေးအဖွဲ့များ​ရောက်မလာရန် ဝက်ဝံရွာအနီးတွင် စစ်သားအင်အားအများအပြားဖြင့် ခံစစ်ပြင်​နေ​ကြောင်းလည်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။