Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးပဋိပက္ခများအတွင်း ပါဝင်ခြင်း၊ စွက်ဖက်ခြင်းမပြု ဘက်မလိုက်ရပ်တည်ဟု မိုင်းလားတပ် ဆို

မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေပြီးပြည်သူများ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုနှင့် စစ်ဘေးရှောင် ဖြစ်နေရမှုအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ရှိ အခင်းအကျင်းနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

(မိုင်းလားဒေသ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် စစ်ရေးပြအခမ်းအနား။ဓာတ်ပုံ - Myanmar Now)
(မိုင်းလားဒေသ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် စစ်ရေးပြအခမ်းအနား။ဓာတ်ပုံ - Myanmar Now)

မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)ဟု ခေါ်ဆိုသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)က ကိုးကန့်ဒေသ တိုက်ပွဲနှင့်ပတ်သက်ပြီး ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ၎င်းတို့အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးကြောင်း အသိပေးသည်။

မည်ကဲ့သို့သော လက်နက်ကိုင်ပဋိပက္ခမျိုးတွင်မဆို မည်သည့် ပုံသဏ္ဍန်မျိုးနှင့်မှ ဝင်ရောက်ပါဝင်ခြင်း စွက်ဖက်ခြင်းပြုမည်မဟုတ်ကြောင်း ဖော်ပြသည်။

NDAAအနေဖြင့် တိုင်းရင်းသား လူမျိုးစုများ၏ စည်းလုံးညီညွတ်ရေး၊ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲ ကြိုးပမ်းရင်း နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးစုများအားလုံး အတွက်သဟဇာတဖြစ်သော ချမ်းသာကြွယ်၀သော လူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်မည်ဟု ထုတ်ပြန်သည်။

(မိုင်းလားဒေသ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် စစ်ရေးပြအခမ်းအနား။ဓာတ်ပုံ - Myanmar Now)
(မိုင်းလားဒေသ ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် စစ်ရေးပြအခမ်းအနား။ဓာတ်ပုံ – Myanmar Now)

မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေပြီးပြည်သူများ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုနှင့် စစ်ဘေးရှောင် ဖြစ်နေရမှုအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ရှိ အခင်းအကျင်းနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၀လက်နက်ကိုင်တပ်(UWSA)ကလည်း ယနေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး ကိုးကန့်တိုက်ပွဲ၌ ဘက်မလိုက်ရေးမူကို ကျင့်သုံးကြောင်း ဖော်ပြထားပြီး အကယ်၍ ၀နယ်အတွင်း လေကြောင်းကြည်းကြောင်းမှ စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ယခု စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရခိုင်(AA) တပ်များသည် ၀နှင့် မိုင်းလား တပ်ဖွဲ့များနှင့်အတူ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်သည်။ ထို့ပြင် မိုင်းလားခေါင်းဆောင်သည် ကွယ်လွန်သွားပြီဖြစ်သည့် MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ သားမက်ဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

Facebook