Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီ ခမရ (၅၆၁) စစ်သားသားနှစ်ဦးPDFထံ အလင်းဝင်လာ

တပ်သား ထွန်းလင်းပိုင် နှင့် တပ်သား ထက်မြတ်သူသည်အောက်တိုဘာ(၃၁)ရက်နေ့က ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာ(၁)ရက်နေ့တွင် လာရောက်အလင်းဝင်ခဲ့ခြင်းဟု တနင်္သာရီတိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

(အလင်းဝင်လာ​သောစစ်သားနှစ်ဦး။ဓါတ်ပုံ-PDO-TNI)
(အလင်းဝင်လာ​သောစစ်သားနှစ်ဦး။ဓါတ်ပုံ-PDO-TNI)

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက်၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်း(ခမရ)မှ စစ်သား နှစ်ဦးသည် တပ်ရင်းမှ ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) ၏ တပ်ခွဲ(၁) ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။

တပ်သား ထွန်းလင်းပိုင် နှင့် တပ်သား ထက်မြတ်သူသည်အောက်တိုဘာ(၃၁)ရက်နေ့က ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာ(၁)ရက်နေ့တွင် လာရောက်အလင်းဝင်ခဲ့ခြင်းဟု တနင်္သာရီတိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

“အဲ့ဒီတပ်ရင်းထဲ မတရားဖိနှိပ်မှုတွေ ရှိနေတယ်တဲ့။ ဒါကြောင့် သူတို့ ပြေးလာကြတာ” ဟု တနင်္သာရီတိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တပ်တွင်း မတရားဖိနှိပ်ခံရခြင်းအပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုများ လုပ်နေသည့်အတွက် ထွက်ပြေးအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်

Public Service Announcement

Public Service Announcement

အလင်းဝင်ရောက်လာသည့် ရဲဘော်နှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်နှင့်ချိတ်ဆက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း ‌ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း တနင်္သာရီတိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အသိပေးထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း CDM ဝင်ရောက်လာခဲ့သည့် ရဲတပ်ဖွဲ့ နှင့် စစ်သားများမှာ ထားဝယ်ခရိုင်တွင် (၉၈)ဦး၊ မြိတ်ခရိုင်တွင်(၁၁၀)ဦး၊ ကော့သောင်းခရိုင်တွင် (၂၉)ဦး၊ စုစုပေါင်း (၂၃၇) ဦးထိ ရှိပြီဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ