Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစု၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ

အောက်တိုဘာ ၂၄ရက် ည ၁၂နာရီခန့်က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို တနင်္သာရီ(ပကဖ)၊ ပုလော (ပကဖ)နှင့် ကျွန်းစု(ပကဖ)တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(တနင်္သာရီ(ပကဖ)မှ တော်လှန်ရေးရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ-ပကဖ)
(တနင်္သာရီ(ပကဖ)မှ တော်လှန်ရေးရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ-ပကဖ)

ကျွန်းစု၊ မြိတ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းစီးနင်းတိုက်ခိုက်သည့်အပြင် စစ်ကောင်စီတပ်ယာဥ်နှစ်စီးလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ)က အသိပေးထုတ်ပြန်သည်။

အောက်တိုဘာ ၂၄ရက် ည ၁၂နာရီခန့်က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို တနင်္သာရီ(ပကဖ)၊ ပုလော (ပကဖ)နှင့် ကျွန်းစု(ပကဖ)တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“တစ်ယောက်တော့ ထိခိုက်တယ်ကြားပေမယ့် အတည်မပြုနိုင်သေးဘူး”ဟု ပျူစောထီးစခန်းတိုက်ခိုက်မှုနှင့် စပ်လျဥ်းပြီး ကျွန်းစု(ပကဖ)မှ တာ ဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

အဆိုပါ မင်းဂုတ်ရွာပျူစောထီးစခန်းတွင် ကျွန်းစု လယ်တောပိုင်းပျူစောထီးများအပါအဝင် အင်အား ၁၂၀ခန့်ရှိပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မင်းဂုတ်ရွာပျူစောထီးစခန်းစီးနင်းခံရခြင်းကြောင့် အောက်တိုဘာ ၂၅ ရက် နံနက် ၁၂နာရီခန့်တွင် မြိတ်မြို့ဘက်မှ တပ်ကူလာသော စစ်ကောင်စီတပ်ယာဥ်တစ်စီးကို တုန်းဗျောအုပ်စု၊ တောင်ပုရွာအနီးတွင် တနင်္သာရီ(ပကဖ)၊ပုလော(ပကဖ)နှင့် မြိတ်(ပကဖ)တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ကားမှာ အင်အား ၁၀ကျော်လောက်ပါတယ်။ မိုင်းဆွဲပြီး‌ အဝေးကစောင့်ကြည့်တော့ကားထဲမှ စကစ တစ်ကောင်တွားထွက်လာတာ တွေ့ရတယ်။ ထိခိုက်သေဆုံးတော့အသေး စိတ်မသိရသေးပါဘူးခင်ဗျာ”ဟု တောင်ပုရွာအနီးမိုင်းဆွဲတိုက်ခိုက်မှုကို မြိတ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား အများအပြားထိခိုက်သေဆုံးမှုရှိသည်ဟု မြေပြင်သတင်း ပေးပို့ချက် ရရှိထားကြောင်း တနင်္သာရီ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့(အောက်တိုဘာ ၂၅)နံနက် ၁၁ နာရီကျော်ကလည်း တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအခြေစိုက် အမှတ်(၃၀၆)အမြောက်တပ်သို့ ဇဝဲဘက်မှလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Vigo ယာဉ်တစ်စီးကို တနင်္သာရီ(ပကဖ)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

“ထိုတိုက်ခတ်မှုမှာ ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ပါသည်”ဟု ၎င်းတပ်ဖွဲ့က ဆိုသည်။

အထက်ပါ သုံးမြို့နယ် ပူးပေါင်းစစ်ဆင်ရေးများတွင် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ စစ်ရေးလှုပ်ရှားမှုများ အောင်မြင်ခဲ့ကြောင်း တနင်္သာရီ(ပကဖ)က ထုတ်ပြန်သည်။

ယခုအခါတွင် ပြည်သူလူထုများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိကြီးစွာထားပြီးသွားလာနေထိုင်ပေးကြပါရန် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံသတိပေးမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။