Connect with us

Hi, what are you looking for?

သတင်း

ပေါက်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၁ဦးသတ်ဖြတ်ပြီး ၆၀ကျော် ဖမ်းဆီးထားဟု ဖမ်းဆီးခံစစ်သား ဖွင့်ဟ

ယင်းစစ်ကြောင်းအား ဒေသတွင်းPDFများက လိုက်လံတိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(ပခုက္ကူမှထွက်သောစစ်ကြောင်းအား ဒရုန်းမှတဆင့်မြင်တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)
(ပခုက္ကူမှထွက်သောစစ်ကြောင်းအား ဒရုန်းမှတဆင့်မြင်တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)

မကွေးတိုင်း၊ ပေါက်မြို့နယ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်က ရက်တစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၁ဦးသတ်ဖြတ်ထားပြီး ၆၀ကျော်အား ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားက ဝန်ခံထွက်ဆိုထားသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ပေါက်မြို့နယ်၊ ကံသစ်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှ တပ်သား ခင်မောင်ထွေးဆိုသူအား မြိုင်(ပကဖ)အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သူက ရွာထဲကနေထွက်ပြီး ရေတောင်းသောက် တာ။ အဲဒါကို ပြည်သူတွေက ထမင်းပါကျွေးတယ်။ ပြီးတော့ ကျွန်တော်တို့ကိုလှမ်းခေါ်တာနဲ့ သွားဖမ်းခဲ့တာ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါစစ်သား စစ်ဆေးချက်အရ ပခုက္ကူမှ စစ်ကြောင်းထွက်လာစဉ်ကစ၍ လမ်းတလျှောက်၌ ဒေသခံပြည်သူ ၁၁ဦးအား သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀ကျော် ဖမ်းဆီးထားသည်ဟု ဝန်ခံကြောင်း ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ကြောင်းသည် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်း (၂၅၁ )၊ တပ်ရင်း (၇၀၄)တို့မှဖြစ်ပြီး အင်အား ၂၅၀ ခန့်ပါရှိကြောင်း၊ ပျူစောထီး ၆၀ကျော်ကလမ်းပြပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်စစ်သားအား သုံ့ပန်းအဖြစ် ကောင်းမွန်စွာထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ သုံ့ပန်းလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟု မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ၂၆ ရက်ကတည်းက ပခုက္ကူမြို့မှစတင်ထွက်လာပြီးပေါက်မြို့နယ်အတွင်း ရောက်ရှိခဲ့သည်။

ယင်းစစ်ကြောင်းအား ဒေသတွင်းPDFများက လိုက်လံတိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။