Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၁ဦးသတ်ဖြတ်ပြီး ၆၀ကျော် ဖမ်းဆီးထားဟု ဖမ်းဆီးခံစစ်သား ဖွင့်ဟ

ယင်းစစ်ကြောင်းအား ဒေသတွင်းPDFများက လိုက်လံတိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(ပခုက္ကူမှထွက်သောစစ်ကြောင်းအား ဒရုန်းမှတဆင့်မြင်တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)
(ပခုက္ကူမှထွက်သောစစ်ကြောင်းအား ဒရုန်းမှတဆင့်မြင်တွေ့ရစဥ်။ ဓာတ်ပုံ-File Photo)

မကွေးတိုင်း၊ ပေါက်မြို့နယ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်က ရက်တစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၁ဦးသတ်ဖြတ်ထားပြီး ၆၀ကျော်အား ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားက ဝန်ခံထွက်ဆိုထားသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ပေါက်မြို့နယ်၊ ကံသစ်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှ တပ်သား ခင်မောင်ထွေးဆိုသူအား မြိုင်(ပကဖ)အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သူက ရွာထဲကနေထွက်ပြီး ရေတောင်းသောက် တာ။ အဲဒါကို ပြည်သူတွေက ထမင်းပါကျွေးတယ်။ ပြီးတော့ ကျွန်တော်တို့ကိုလှမ်းခေါ်တာနဲ့ သွားဖမ်းခဲ့တာ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါစစ်သား စစ်ဆေးချက်အရ ပခုက္ကူမှ စစ်ကြောင်းထွက်လာစဉ်ကစ၍ လမ်းတလျှောက်၌ ဒေသခံပြည်သူ ၁၁ဦးအား သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၃၀ကျော် ဖမ်းဆီးထားသည်ဟု ဝန်ခံကြောင်း ဗိုလ်လက်ယျာက ပြောသည်။

ယင်းစစ်ကြောင်းသည် တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်း (၂၅၁ )၊ တပ်ရင်း (၇၀၄)တို့မှဖြစ်ပြီး အင်အား ၂၅၀ ခန့်ပါရှိကြောင်း၊ ပျူစောထီး ၆၀ကျော်ကလမ်းပြပေးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့်စစ်သားအား သုံ့ပန်းအဖြစ် ကောင်းမွန်စွာထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ သုံ့ပန်းလမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟု မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ၂၆ ရက်ကတည်းက ပခုက္ကူမြို့မှစတင်ထွက်လာပြီးပေါက်မြို့နယ်အတွင်း ရောက်ရှိခဲ့သည်။

ယင်းစစ်ကြောင်းအား ဒေသတွင်းPDFများက လိုက်လံတိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။