Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးတော်လှန်ရေးတွင် အမြင့်မားဆုံးသောစစ်ရေးမှတ်ကျောက်ရေးထွင်းနိုင်သည့်အချိန် ရောက်လာပြီဟု ယာယီသမ္မတ ပြော

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

နွေဦးတော်လှန်ရေးတွင် အမြင့်မားဆုံးသောစစ်ရေးမှတ်ကျောက်ရေးထွင်းနိုင်သည့်အချိန် ရောက်လာပြီဟု ယာယီသမ္မတ ပြော
နွေဦးတော်လှန်ရေးတွင် အမြင့်မားဆုံးသောစစ်ရေးမှတ်ကျောက်ရေးထွင်းနိုင်သည့်အချိန် ရောက်လာပြီဟု ယာယီသမ္မတ ပြော

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းစစ်ဆင်ရေးများ၏ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီဖြစ်သကဲ့သို့ နွေဦးတော်လှန်ရေးတွင် အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်သည့်အချိန်ကို ရောက်လာပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့(နိုဝင်ဘာ ၇ ရက်)ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ခုခံတော်လှန်စစ်မှသည် မြို့သိမ်း၊ ပြည်သိမ်းတိုက်ပွဲများအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက်ချီတက်နိုင်မည်ဟု အထူးမျှော်လင့်ကြောင်း ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ ပြည်တွင်း၊ပြည်ပက လူထုတစ်ရပ်လုံးကို မျှော်လင့်ချက်ရောင်ခြည် အမြင့်မားဆုံးထိ ထွန်းလင်းနိုင်ခဲ့တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး”မတိုင်မီ မရှေးမနှောင်းကာလတွင် ကချင်ပြည်နယ်၌ အောင်ဂျာစခန်းအောင်ပွဲကို KIA(ကချင်လွတ်မြောက်ရေးတပ်မတော်)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ယခု ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတွင်လည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နေကြောင်း အသိပေးသည်။

အလားတူ NUG အမှတ် (၁) စစ်ဒေသ၏ ဦးဆောင်ကွပ်ကဲမှုနှင့်အတူ စစ်ကိုင်းတိုင်းအထက်ပိုင်း တော်လှန်ဒေသများဖြစ်သော ကောလင်းမြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းမှာ အထူးဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပြီး ပြည်သူတရပ်လုံးကလည်း ဝမ်းသာလှိုက်လှဲစွာ ကြိုဆို လက်ခုပ်သံများဖြင့် အပြုံးများကို မျက်ဝါးထင်ထင် မြင်နေကြားနေကြပြီဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“ကောလင်းမြို့သိမ်း တိုက်ပွဲလိုပဲ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံ ချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်း စစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘောတရားလို ဆင့်ကာဆင့်ကာနဲ့ ထပ်တိုးလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျွန်တော်တို့ ဝမ်းမြောက်စွာ ကြိုဆိုသလို လေးနက်စွာ အားစိုက် ထပ်တိုး လုပ်ဆောင်ကြရမယ်လို့ အထူး ပြောကြားချင်ပါတယ်” ဟု ၎င်းက တိုက်တွန်းသည်။

ဆက်လက်ပြီး “နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးကျယ်ဆုံးသော မြို့သိမ်းစစ်ဆင်ရေးတွေကို အချိန်အခါ မဆိုင်းဘဲ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တာဟာ မဟာမိတ်အင်အားစုတွေရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွတ်သော ပူးပေါင်းပါဝင်မှုတွေကြောင့် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် သိုသိပ်စွာ ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိတဲ့ စစ်ရေးစွမ်းရည်ကို စနစ်တကျ တည်ဆောက်ထားနိုင်လို့ဆိုတာကို မမေ့မလျော့ သတိချပ်စေချင်ပါတယ်” ဟု ယာယီသမ္မတက သတိပေးသည်။

ထို့အပြင် တော်လှန်ရေး၏ ညီညွတ်ရေးစွမ်းအားကို မြှင့်နိုင်သမျှ မြှင့်တင်ထားရန်၊ စစ်ကောင်စီက တိုင်းရင်းသားတော်လှန်ရေးဌာနချုပ်များကို ဗဟိုပြု တိုက်ခိုက်နေခြင်းကို အထူးသတိပြုကြရန်၊ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များ၏ ဗဟိုဌာနချုပ်များကို စစ်ကောင်စီ၏ ထိုးစစ်ရောက်မလာအောင် နည်းပေါင်းစုံဖြင့် ကာကွယ်လုပ်ဆောင်ကြရန်နှင့် တရုတ်-မြန်မာနယ်စပ်လုံခြုံရေးကိစ္စကို အထူးအလေးထား ဆွေးနွေးပြောဆိုကြရန် ယာယီသမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။