Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ပြည်သူလူထုနှင့်အတူ ဆက်လက်ချီတက်မည်ဟု​ ၂၀၂၀ရွေး​ကောက်ပွဲ သုံးနှစ်ပြည့်​နေ့တွင် NLD ထုတ်ပြန်

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

(၂၀၂၀ ​ရွေး​ကောက်ပွဲ​နေ့ ညပိုင်းတွင်​ရွေး​ကောက်ပွဲရလဒ်ကို​စောင့်ရင်းပါတီ​ရှေ့တွင် ​အောင်ပွဲခံ​နေ​သောပြည်သူများ။ ဓါတ်ပုံ-EPA)
(၂၀၂၀ ​ရွေး​ကောက်ပွဲ​နေ့ ညပိုင်းတွင်​ရွေး​ကောက်ပွဲရလဒ်ကို​စောင့်ရင်းပါတီ​ရှေ့တွင် ​အောင်ပွဲခံ​နေ​သောပြည်သူများ။ ဓါတ်ပုံ-EPA)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူနဲ့အတူ ERO တွေ၊ အခြားသော တိုင်းရင်းသားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ရောက်ရှိသည်အထိ ချီတက်သွားမှာဖြစ်ပါတယ်” ဟု NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး နှင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများ ကို နိုင်ငံတကာဥပဒေများ နှင့် အညီ ဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြရန်လည်း NLD ပါတီက မေတ္တာရပ်ခံတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတဝန်း မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်အနက် ၁၁၁၇ နယ်တွင် ကျင်းပနိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၉၂၀ တွင်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့သည်။

သို့ရာတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့ လိုချင်သည့်ရလဒ် ဖြစ်ပေါ်မလာသည့်အတွက် မဲစာရင်း မှားယွင်းသည်ဟု လိမ်လည် အကြောင်းပြချက်ဖြင့် ထိုစဥ်က တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မလုယူကာ NLDပါတီခေါင်းဆောင်များကို မတရား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယင်းလုပ်ဆောင်မှုသည် ပြည်သူတို့၏ ဆန္ဒပြုချက်များနှင့် မျှော်လင့်ချက်များကို စစ်အုပ်စုက ရိုက်ချိုး ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်ပြီး တိုင်းပြည်တဝန်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ဒေသတွင်းတည်ငြိမ်မှုကိုပါ ပျက်ပြားစေခဲ့ကြောင်း NLD က ဖော်ပြသည်။

ထို့အပြင် NLD လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T)၏ ၂၀၂၃ နိုဝင်ဘာ ၁ ရက်အထိ ရရှိထားသောမှတ်တမ်းများအရ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦး အပါအဝင် NLD ပါတီဝင် ၁၂၉၀ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းစဥ်ကာလအတွင်း သေဆုံးသူ ပါတီဝင်ဦးရေမှာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအပါအဝင် ၁၀၁ ဦးရှိသည်ဟု ဆိုသည်။ ပါတီရုံးများ ကျူးကျော်ဝင်ရောက်မှု ၁၆၀ ကြိမ် ရှိပြီး ပါတီဝင် ၄၀၇ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိပ်ပိတ်သိမ်းဆည်းခံရမှုတွင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦး ပါဝင်ကြောင်း NLD သုတေသနအဖွဲ့က မှတ်တမ်းတင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ