Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တိုက်ပွဲအတွက် လမ်းကင်းလုံခြုံရေးယူနေသည့်တပ်သားတစ်ဦး လက်နက်ဖြင့် ဖယ်ခုံ PDFထံ အလင်းဝင်လာ

ယမန်နေ့(နိုဝင်ဘာ ၇ ရက်)နေ့လယ်က ဖယ်ခုံအခြေစိုက် ခမရ -၄၂၂ တပ်မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

(ယမန်နေ့က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှင့်အတူ ပါရှိလာသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PEKHON PDF -2)
(ယမန်နေ့က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှင့်အတူ ပါရှိလာသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - PEKHON PDF -2)

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများအတွက် လမ်းကင်းလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးလာပြီး အလင်းဝင်လာကြောင်း ဖယ်ခုံ PDFတပ်ရင်း(၂)က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၇ ရက်)နေ့လယ်က ဖယ်ခုံအခြေစိုက် ခမရ -၄၂၂ တပ်မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။

၎င်း၏ အဆိုအရ ကရင်နီပြည်ရှိ စစ်ကောင်စီ တပ်ရင်းများအား ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မျက်နှာသို့ပို့ဆောင်ရေးအတွက် လမ်းကင်းလုံခြုံရေးဆောင်ရွက်နေစဥ် ထွက်ပြေးလာခြင်းဖြစ်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားကို ဆုငွေပေးအပ်ကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ဖယ်ခုံ PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာကလည်း စစ်ကောင်စီတပ်သား သုံးဦး ဖယ်ခုံ PDF ထံ လက်နက်ခဲယမ်းအပြည့်စုံဖြင့်အလင်းဝင်လာခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးတစ်စုအတွက် အသုံးချခံနေရခြင်းကို ရဲနှင့်စစ်သားများ သဘောပေါက်ရန်နှင့် အမြန်ဆုံး လာရောက်ပူးပေါင်းရန် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ- KNPLF)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။