Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ စစ်ရှောင်ဦးရေတိုးလာ

တိမ်းရှောင်လာတဲ့ ခဲလုံကျောင်းတိုက်မှ သံဃာတွေ နောင်ပိန်ရွာမှာရှိတဲ့ ကျောင်းတိုက်တွေမှာ ထားရှိပေးထားတယ်လို့ သိရပါတယ်။

ကျောက်မဲမှာ စစ်ရှောင်ဦးရေတိုးလာ
ကျောက်မဲမှာ စစ်ရှောင်ဦးရေတိုးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာတွေကနေ နောင်ပိန်ကျေးရွာဆီ ကိုလာရောက်တိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၆၀၀နီးပါးထိရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ထံကနေသိရပါတယ်။

ကျောက်မဲမြို့နယ် နာမည်ကျော် ဂုတ်တွင်းအနီးရှိ ခဲလုံကျေးရွာဘက်မှာ ပြီးခဲ့တဲ့တနင်္လာနေ့ ကစတင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သံဃာအပါး ၁၃၀ကျော်နဲ့ ပြည်သူ ၂၀၀နီးပါး လာရောက် တိမ်းရှောင်ကြတာပါ။

“လမ်းမှာ ထပ်လာနေတဲ့ စစ်ရှောင်တွေလည်းရှိနေသေးတယ်”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပါတယ်။

တိမ်းရှောင်လာတဲ့ ခဲလုံကျောင်းတိုက်မှ သံဃာတွေ နောင်ပိန်ရွာမှာရှိတဲ့ ကျောင်းတိုက်တွေမှာ ထားရှိပေးထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ နောင်ပိန်ရွာဆီ ဇီးပင်၊ နောင်ပစ်၊ ပန်မလွှတ်၊ခဲလုံ စတဲ့ ကျောက်မဲမြို့နယ်ထဲက ရွာတွေက စစ်ရှောင်ပြည်သူတွေ လာရောက်ခိုလှုံနေရကြတာပါ။

ကျောက်မဲမြို့နယ်ဧရိယာထဲမှာ အောက်တိုဘာလ ကုန်ပိုင်းကစတင်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ကိုးကန့်တပ်(MNDAA) ၊တအာင်းတပ်(TNLA) ၊ ရက္ခိုင့်တပ်(AA) တို့ နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။