Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကြောင်းထိုးလာသော ခလရ-၉၁စစ်​ကြောင်း တပတ်အတွင်းခြောက်ကြိမ်တိုက်ခိုက်ခံရ

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားများအား စစ်ကားနှစ်စီးဖြင့်လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

(စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသော မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- မတ္တရာမျိုးမှန်တပ်ဖွဲ့)
(စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသော မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- မတ္တရာမျိုးမှန်တပ်ဖွဲ့)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၉၁)မှ စစ်ကြောင်းကို တစ်ပတ်အတွင်း ခြောက်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၉၁)မှ တပ်သားများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက စခန်းသာကျေးရွာမှ စစ်ကြောင်းထိုးလာစဥ် သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က အသိပေးသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားများအား စစ်ကားနှစ်စီးဖြင့်လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

(စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသော မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- မတ္တရာမျိုးမှန်တပ်ဖွဲ့)
(စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသော မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- မတ္တရာမျိုးမှန်တပ်ဖွဲ့)

အဆိုပါ စစ်ကားနှစ်စီးကို နေ့လယ်တွင် နှစ်ကြိမ်မိုင်းဆွဲ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်အုပ်စုဘက်က ၈ဦးသေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သည် မတ္တရာမျိုးမှန်တပ်ဖွဲ့ပိုင် ဆိုင်ကယ် သုံးစီးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

(စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသော မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- မတ္တရာမျိုးမှန်တပ်ဖွဲ့)
(စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသော မတ္တရာမျိုးမှန်တပ်ဖွဲ့၏ ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- မတ္တရာမျိုးမှန်တပ်ဖွဲ့)

“ခလရ(၉၁)ရဲ့နောက်ကို မိုင်းလိုက်ဆွဲဖို့ကြိုးစားတယ်။ သူတို့လမ်းကြောင်းတွေကို သတင်းကြိုတင်ယူပြီးဆိုင်ကယ်တွေနဲ့ သတ်မှတ်ထားတဲ့ပွိုင့်နေရာကို အရောက်သွားတယ်။ မိုင်းဆွဲတိုက်ခိုက်တယ်။ စကစဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကဆိုင်ကယ်တွေယူဖို့ အချိန်မရတော့ဘူး။”ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ တပ်ရင်း-၁၊ တပ်ခွဲ-၂ရဲဘော်များတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းကလည်း ကျောက်တံတားရွာမှ ကျပ်ပြင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသောအင်အား(၈၀)ကျော်ပါ စစ်ကောင်စီတပ်ကို လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

Facebook