Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ

ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ ၅နာရီခန့်က ရေဦးမြို့ပေါ်ရှိ အထပ်မြင့်တိုက်များပေါ်၌ နေရာယူထားသော စစ်ကောင်စီတပ်သားများထံ ရေဦး PDFအဖွဲ့က Fix Wings ဒရုန်းဖြင့် အလင်းဝင်ကြရန် တိုက်တွန်းစာများ ကြဲချခဲ့ခြင်းဖြစ်သည်။

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ
ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ အလင်းဝင်ရန် တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချခဲ့ကြောင်းရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဦး)၏ တပ်ရင်းမှူးက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ ၅နာရီခန့်က ရေဦးမြို့ပေါ်ရှိ အထပ်မြင့်တိုက်များပေါ်၌ နေရာယူထားသော စစ်ကောင်စီတပ်သားများထံ ရေဦး PDFအဖွဲ့က Fix Wings ဒရုန်းဖြင့် အလင်းဝင်ကြရန် တိုက်တွန်းစာများ ကြဲချခဲ့ခြင်းဖြစ်သည်။

“ ခံစစ်ပြင်မနေပါနဲ့ ။ မင်းမိသားစုအတွက် မင်းအသက်ရှင်သင့်တယ် ”၊ “ပြည်သူ့ရင်ခွင်အမြန်ခိုလှုံကြ”ဟု ရေးသားထားသော စာသားများနှင့်အတူ အလင်းဝင်လိုပါက ဆက်သွယ်ရန် ရေဦး PDF၊ ပကဖ၊ ပအဖတို့၏ ဆက်သွယ်ရန်တယ်လီဂရန်အမည် @yeupdf ကိုပါ ထည့်သွင်းရေးသားထားသည်။

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ
ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ

“အလင်းဝင်ချင်တဲ့သူတွေ အချိန်မနှောင်းသေးဘူး။ ကိုယ့်အသက်ကို နှမျောတယ်။ ကိုယ့်မိသားစုဘဝရှေ့ရေး ထည့်စဥ်းစားတတ်တယ်ဆိုရင်တော့ ဒီအချိန်မှာ အလင်းဝင်သင့်ပြီလို့ ယူဆပါတယ်။ အလင်းဝင်သင့်ပြီလို့ ပြောချင်ပါတယ်။ နိုင်မြင်းက ဘယ်မြင်းလဲဆိုတာ အားလုံးသိနေပြီးသားလို့ ထင်ပါတယ်။ ရှေ့ဆက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါမှာ အတူတူပါဝင်နိုင်ဖို့အတွက် အခုကတည်းက အလင်းဝင်ထားရင် ကောင်းကျိုးတွေဖြစ်လာမယ်လို့ ပြောချင်ပါတယ်။”ဟု ရေဦး PDF အဖွဲ့ တပ်ရင်းမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ
ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများထံသို့ အလင်းဝင်ရန်တိုက်တွန်းစာများ ဒရုန်းဖြင့် ကြဲချ

ထို့အပြင် အခြားနယ်များ၌ မြို့သိမ်းတိုက်ပွဲများဖြစ်လာပြီးနောက်ပိုင်း ရေဦးမြို့အရှေ့ခြမ်း ပျူစောထီး ကျေးရွာနှစ်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှာ တပ်ပြန်ခေါက်သွားကြောင်း၊ ထို့အပြင် ခံစစ်ပြင်သည့်အနေဖြင့် ရေဦးမြို့ရှိ ဘော်ဒါဆောင်များအပါအဝင် အထပ်မြင့်အဆောက်အဦးများ၌ စစ်ကောင်စီတပ်က နေရာယူထားကြောင်း ရေဦး PDF၏ တပ်ရင်းမှူးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။