Connect with us

Hi, what are you looking for?

သတင်း

စလင်းတွင် အင်အား ၂၀၀ကျော်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာများအနီး ဖြတ်သန်းသွားလာပါက သတိပြုသွားလာကြရန် စလင်း PDFက သတိပေးထားသည်။

(စစ်ဆင်ရေးတစ်ခုတွင် စလင်းPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စလင်း PDF)
(စစ်ဆင်ရေးတစ်ခုတွင် စလင်းPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စလင်း PDF)

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း PDF-Salinအဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းက စလင်းမြို့နယ် ကျွဲဦးကျေးရွာကို အင်အား ၂၅၀ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊အမှတ်(၂) တပ်ရင်း၊ အမှတ်(၅)တပ်ရင်းနှင့် SLN-LPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းဆွဲပြီး အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ထက် မနည်းသေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထို့အပြင် စစ်ကြောင်းမှူးဖြစ်သူ ခြေတစ်ဖက်ပြတ်သွားကြောင်း တပ်တွင်းသတင်းပေးထံမှ သတင်းရရှိသည်ဟု PDF-Salin အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် အဆိုပါအချက်အလက်များနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

အဆိုပါစစ်ကြောင်း၌ စလင်းတပ်ရင်း ၂၅၃၊ ၂၅၄၊ ၂၅၅တို့မှ စစ်ကောင်စီတပ်သားများလည်း ပါဝင်ပြီး အင်အားမလောက်၍ အခြားဒေသမှ ပို့ဆောင်ထားသည့်အင်အားများ ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ငလှိုင်တွင်းရွာရဲ့အနောက်ဘက်တောင်ကုန်းမှာ အထိုင်ချထားတဲ့စခန်းရှိတယ်။ အဲဒီကနေထွက်လာတာ။ သူတို့က နယ်မြေခံမဟုတ်ဘဲ ရန်ကုန်ဘက်ကလာတဲ့အတွက်ကြောင့် ပြီးတော့ဦးဆောင်တဲ့ဗိုလ်ကလည်း အဲဘက်မှာရောက်တာ နှစ်ညပဲရှိသေးတယ်။”ဟု PDF-Salin အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းထိပြီးနောက် ယင်းစစ်ကြောင်းသည် စလင်းမြို့ဘက်သို့ ပြန်ဆုတ်သွားသည်ဟု ဆိုသည်။

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာများအနီး ဖြတ်သန်းသွားလာပါက သတိပြုသွားလာကြရန် စလင်း PDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။