Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ် အပါအဝင် အရပ်သားနှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက မြို့သစ်ကျေးရွာကို နိုဝင်ဘာ ၁၉ရက် ညပိုင်းတွင် ပေါင် ၅၀၀ ဗုံး အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(စစ်ကောင်စီက နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီက နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က ဖျက်အားပြင်းဗုံးအသုံးပြုပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက မြို့သစ်ကျေးရွာကို နိုဝင်ဘာ ၁၉ရက် ညပိုင်းတွင် ပေါင် ၅၀၀ ဗုံး အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(စစ်ကောင်စီက နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီက နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ထိုကဲ့သို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာရှိ ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ရွာသား ၇ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ လူနေအိမ် နှစ်လုံးမီးလောင်ကာ ၂၃လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

TNLA အပါအဝင် ညီနောင်မဟာမိတ်တပ်များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီး ၊ လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို ပါ တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီက နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီက နမ့်ဆန်မြို့သစ်ကျေးရွာအား ပစ်မှတ်ထားဗုံကြဲတိုက်ခိုက်၍ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြုကာ အရပ်သားများနှင့် ဒေသခံလူနေအိမ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အရပ်သား ၄၀ဦးသေဆုံးခဲ့ပြီး ၅၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။